မင်္ဂလာပွဲအကြောင်း ထုတ်ပြောလာခဲ့တဲ့ ထိုင်းမင်းသမီးချော Kimmy Kimberley

11-8-2022-yyl11.jpg

မြန်မာပရိသတ်တွေ ချစ်ခင်အားကျနေရတဲ့ ထိုင်းစုံတွဲထဲမှာ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Mark Prin နဲ့ Kimmy Kimberley တို့စုံတွဲကတော့ မပါမဖြစ်ပါပဲ။ သူတို့စုံတွဲ ဘယ်တော့များ လက်ထပ်ကြမလဲလို့မျှော်လင့်စောင့်ဆိုင်းနေကြရတာပါ။ မင်းသားချော Mark Prin က သူ့ချစ်သူကောင်မလေး မင်းသမီး Kimmy Kimberley ကို ဧပြီ ၁၇ ရက်နေ့က ဆွစ်ဇလန်နိုင်ငံမှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး ဧပြီ ၂၁ နေ့မှာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ပရိသတ်တွေသိရတော့ ဝမ်းသာမဆုံးဖြစ်ခဲ့ကြရပါတယ်။

ပရိသတ်တွေ ချစ်ခင်အားကျနေရတဲ့ Mark Prin နဲ့ Kimmy Kimberley

လက်ထပ်ခွင့်တောင်းခဲ့ပြီးတဲ့နောက် Mark Prin ကို သတင်းထောက်တွေက ဘယ်တော့လက်ထပ်မလဲမေးမြန်းတော့ သူတို့နှစ်ယောက်လုံး ဇာတ်လမ်းတွဲအသစ် (၂) ကားရိုက်ကူးဖို့ရှိတဲ့အတွက် အခုနှစ်ထဲ မင်္ဂလာပွဲမလုပ်ဖြစ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဩဂုတ်လ (၉) ရက်နေ့က မင်းသမီးချော Kimmy Kimberley ပွဲတက်ရောက်ခဲ့တဲ့အချိန်မှာ မင်္ဂလာပွဲအစီအစဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေကို အင်တာဗျူးဖြေကြားပေးခဲ့ပါတယ်။

ဆွစ်ဇလန်မှာ လက်ထပ်ခွင့်တောင်းခဲ့စဉ်

သူနဲ့ သူ့ချစ်သူ Mark Prin တို့ မင်္ဂလာပွဲကျင်းပမယ့်ရက်ကို မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
သူ လေးစားရတဲ့ ဗေဒင်ဆရာက သူ့အတွက် ရက်ကောင်းရက်မြတ် (၂-၃) ရက်လောက် ရွေးပေးထားပါတယ်။ နောက်တော့ သူနဲ့ Mark Prin တို့အတူတူ မင်္ဂလာပွဲရက်ရွေးကြတယ်။ အခုဆို သူတို့နှစ်ယောက် ရက်မတူတာ ကြိုက်နေကြတယ်။ အဲဒါကြောင့်မို့ မင်္ဂလာပွဲရက်ကို မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ သူတို့ရဲ့မင်္ဂလာပွဲအခမ်းအနားကို နောက်နှစ် သေချာပေါက် ကျင်းပသွားမှာပါလို့ Kimmy က ပြောပါတယ်။

ဆွစ်ဇလန်မှာ လက်ထပ်ခွင့်တောင်းခဲ့စဉ်

မင်္ဂလာပွဲကို နိုင်ငံခြားမှာ နေတဲ့ သူ့ရဲ့ဆွေမျိုးတွေ တက်ရောက်မှာဖြစ်တဲ့အတွက် သင့်တော်မယ့်ရက်ကို ရွေးချယ်သွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ မင်္ဂလာဝတ်စုံတွေကို နေ့တိုင်းတွေ့နေရတယ်။ အားလုံးက လှပြီး ဝတ်စုံအားလုံးကို ဝတ်ကြည့်ချင်တယ်။ ဘယ်ဝတ်စုံက သူ့နဲ့ လိုက်မလဲသိချင်တဲ့အတွက် ဝတ်စုံတချို့ကိုတော့ စမ်းဝတ်ကြည့်ခဲ့တယ်လို့ သူက ဖွင့်ဟခဲ့ပါတယ်။

အသက် (၂) နှစ်ကွာတဲ့ ထိပ်တန်းထိုင်အနုပညာရှင်စုံတွဲ

မင်္ဂလာအခမ်းအနားအတွက် ဝတ်စုံဘယ်နှစ်စုံဝတ်ဖို့ စီစဉ်ထားလဲမေးမြန်းတော့ ဝတ်စုံတစ်စုံတည်းပဲ ဝတ်ချင်တာလို့ မင်းသမီးချော Kimmy Kimberley က ထုတ်ပြောသွားခဲ့ပါတယ်။မင်းသားချော Mark Prin နဲ့ မင်းသမီးချော Kimmy Kimberly တို့စုံတွဲက ချစ်သူသက်တမ်း (၉) နှစ်ရှိပါပြီ။ Kimmy က Mark Prin ထက် အသက် (၂) နှစ် ငယ်ပါတယ်။

ချစ်သူသက်တမ်း (၉) နှစ်ရှိပါပြီ

Ref: Kimmy Kimberley talks about her wedding planning

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top