အလွန်ရေပန်းစားနေတဲ့ ကိုရီးယားရဲ့ရုပ်ရည်ကြည့်အကောင်းဆုံးရဟန်း

11.9.23-yyl-1.jpg

တောင်ကိုရီးယားနိုင်ငံရဲ့ South Jeolla ပြည်နယ်မှာ တည်ရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုဖြစ်တဲ့ Hwaeomsa မှ ဘွန်ဂျုံအမည်ရတဲ့ရဟန်းငယ်တစ်ပါးက သူ့ရဲ့ရုပ်ရည်ကြောင့် ရေပန်းစားနေပါတယ်။ သူ့ရဲ့ကေပေါ့ပ်အိုင်ဒေါဆန်တဲ့ရုပ်ရည်ကြောင့် အင်စတာဂရမ်မှာ ဖော်လိုဝါ 26k ကျော်ဖြစ်နေပါပြီ။ ရဟန်းငယ်ရဲ့အကောင့်ကို follow တဲ့သူတွေက အသက် ၂၀ နဲ့ အသက် ၃၀ ဝန်းကျင်တွေပါ။ အကောင့်နာမည်က kkochsnim ပါ။

ရဟန်းဘွန်ဂျုံကို “Flower Monk” နာမည်ပြောင်ပေးထားကြပါတယ်။ အခြားသူတွေကတဆင့် အနက်ရှိုင်းဆုံးရနံ့တွေ ထုတ်လွှတ်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်က “ပန်းပွင့်နဲ့တူတဲ့ ကျင့်ကြံသူ” လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဖော်ပြထားတဲ့အတွက် နာမည်ပြောင် “Flower Monk” ဖြစ်လာခဲ့တာပါ။

အခုဆို ရဟန်းဘွန်ဂျုံက အလွန်ရေပန်းစားနေပြီး Hwaeomsa ဘုရားကျောင်းဆီ သွားရောက်တဲ့ အလှည့်အပတ်ခရီးစဉ်လက်မှတ်တွေက ၄ နာရီအတွင်း ကုန်သွားခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေအရ သိရပါတယ်။ ဒီအလှည့်အပတ်ခရီးစဉ်ရဲ့ကြီးမားတဲ့ဆွဲဆောင်ထားမှုကတော့ ရဟန်းဘွန်ဂျုံနဲ့အတူ Tea Session ပါ။

လက်မှတ်တွေက အခမဲ့ဖြစ်ပြီး ပထမဆုံး ၂၂ ဦးကပဲ နေရာထိုင်ခင်းရရှိမှာပါ။ ဒါပေမဲ့ တောင်းဆိုတဲ့သူများလာတာကြောင့် ဘုရားကျောင်းက နောက်ထပ် ၁၈ ဦးတိုးသွားမယ်လို့ ကြေညာထားပါတယ်။

Ref: Korea’s ‘Most Handsome Monk’ Is So Popular, Tickets To His Temple Tour Are All Sold Out

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top