Samsung ၏ မျိုးဆက်သစ် ခေါက်ချိုးစမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် ကြိုတင်မှာယူနိုင်ပြီ

Pre-order-Photo.jpg

Samsung မှ မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် ခေါက်ချိုးစမတ်ဖုန်း အသစ်များ ဖြစ်သည့် Galaxy Z Fold3 နှင့် Galaxy Z Flip3 စမတ်ဖုန်းများအား ကြိုတင်မှာယူလိုသူများအတွက် Samsung Myanmar သည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) စာရင်းကောက်ခံပေးသွားမည် ဖြစ်သည်။

ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၃,၄၃၉,၀၀၀ ကျသင့်မည့် Galaxy Z Fold3 စမတ်ဖုန်းအား Black နှင့် Silver အရောင်များ အနက် ရွေးချယ်မှာယူနိုင်မည် ဖြစ်ပြီး Galaxy Z Flip3 စမတ်ဖုန်းကိုမူ ကြိုတင်မှာယူမှုစျေးနှူန်း မြန်မာငွေကျပ် ၂,၁၅၉,၀၀၀ ဖြင့် တမူထူးခြားသည့် အရောင်အသစ်အဆန်းများ ဖြစ်သည့် Cream နှင့် Lavender အရောင်များအနက် နှစ်သက်ရာ ရွေးချယ်မှာယူသွားနိုင်မည် ဖြစ်သည်။ စမတ်ဖုန်း ၂ မျိုးလုံးအား အခြား‌သောနိုင်ငံတကာ စျေးကွက်များနည်းတူ 5G version ဖြင့် ရရှိသွားနိုင်မည် ဖြစ်သည့်အပြင် သုံးစွဲသူများ ပိုမို အဆင်ပြေလွယ်ကူမှု ရှိစေရန်အတွက် Samsung Myanmar သည် ကြိုတင်မှာယူမှုများအား Mobile Banking မှတဆင့် အပြည့်အဝ လက်ခံပေးသွားရန်လည်း စီစဉ်ပေးထားသည်။

ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီးနောက် ၎င်းတို့၏ စမတ်ဖုန်းအသစ်များအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်ပါသည်။ ကြိုတင်မှာယူထားသူများအနေနှင့် Samsung Myanmar မှပေးအပ်သော အောက်ပါ အပိုထပ်ဆောင်း လက်ဆောင်များကိုလည်း အသီးသီး ရရှိသွားမည် ဖြစ်သည်။

  • Galaxy Z Fold3 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် S Pen၊ Flip Cover နှင့် Galaxy Buds Pro
  • Galaxy Z Flip3 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Clear Cover နှင့် Galaxy Buds Pro

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများဖြင့် လဲလှယ်ခြင်း အစီအစဉ်

Samsung Galaxy S Series နှင့် Note Series စမတ်ဖုန်းများ (Samsung Galaxy S10, Note8 နှင့်အထက်) အား ကိုင်ဆောင်ထားသူများ အနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား အသစ် မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် ခေါက်ချိုး စမတ်ဖုန်းများနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း (Galaxy Z Fold3 စမတ်ဖုန်း ပထမဆုံး ကြိုတင်မှာယူသူ အယောက် ၁၀၀ စီနှင့် Z Flip3 စမတ်ဖုန်း ပထမဆုံး ကြိုတင်မှာယူသူ အယောက် ၁၀၀ စီအတွက်သာ) Samsung Myanmar မှ စီစဉ်ပေးထားသည်။ ထို့အပြင် ထိုသို့လဲလှယ်ဝယ်ယူမှုများအတွက် Samsung Myanmar သည် Galaxy Z Fold3 အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၃၀၀,၀၀၀ နှင့် Galaxy Z Flip3 အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၂၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။

Galaxy Z Fold3

Galaxy Z Fold3 ခေါက်ချိုးစမတ်ဖုန်း အသစ်တွင် ကျယ်ပြန့်သော ၆.၂” Cover Screen နှင့် ဖြန့်လိုက်ပါက ၇.၆” Infinity Flex မျက်နှာပြင် (မျက်နှာပြင် ၂ ခုလုံးသည် 120Hz refresh rate ပါရှိသည့် Dynamic AMOLED 2x Display အမျိုးအစားများ ဖြစ်သည်) များပါရှိသည့်အပြင် Galaxy စမတ်ဖုန်းများတွင် ပထမဦးဆုံး အကြိမ်အဖြစ် မျက်နှာပြင်အောက်ကင်မရာ (Under Display Camera) ကိုလည်း ထည့်သွင်းပေးထားသည်။ ထို့အပြင် Samsung သည် ပထမဦးဆုံးအကြိမ်အဖြစ် ၎င်း၏ နာမည်ကျော် S Pen လုပ်ဆောင်ချက်ကိုလည်း Z Fold3 တွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးထားသည်။ စွမ်းဆောင်ရည်အမြင့်မားဆုံးသော ကင်မရာလုပ်ဆောင်ချက်များ – နောက်ကင်မရာ ၃ လုံး (12 MP F2.2 Ultra Wide, 12 MP F1.8 Wide, 12 MP F2.4 Tele) နှင့် 10 MP F2.2 ရှေ့ကင်မရာ (ကာဗာကင်မရာ)၊ ပိုမိုကောင်းမွန်လာသည့် အလိုအလျောက် တုံ့ပြန်လုပ်ဆောင်ချက်များ၊ အဆင့်မြှင့်တင်ထားသည့် အသုံးပြုမှု အတွေ့အကြုံနှင့် မြင့်မားသော လုပ်ဆောင်ချက်များ အား ထည့်သွင်းပေးထားသည်။ ပထမဆုံးသော ရေစိုခံနိုင်သည့် ခေါက်ဖုန်းဖြစ်သည့်အလျောက် စမတ်ဖုန်းတွင် IPX8 water resistance ရေစိုခံနည်းပညာသာမက ပိုမိုအကြမ်းခံနိုင်စေရန် Corning Gorilla Glass Victus မှန်တို့ဖြင့်လည်း ဖွဲ့စည်းတည်ဆောက် ထားသည်။

Galaxy Z Flip3

ပိုမိုမြင့်မားသော စွမ်းဆောင်ရည်များနှင့် ဆန်းသစ်စတိုင်ကျသည့် အခြားသော Galaxy ခေါက်ချိုးစမတ်ဖုန်း ဖြစ်သည့် Galaxy Z Flip3 အား ပိုမိုပါးလွှာသော ဒီဇိုင်းဖြင့်တည်ဆောက်ဖွဲ့စည်းထားပြီး ၁.၉” Cover Screen (ယခင် Galaxy Z Flip ထက် ၄ ဆပိုမိုကျယ်ပြန့်သော အရွယ်အစား) နှင့် ဖြန့်လိုက်ပါက 120 Hz Refresh Rate ပါရှိသည့် ၆.၇” Infinity Flex မျက်နှာပြင်များအား ထည့်သွင်းပေးထားသည်။ ထို့အပြင် အချိန်စက္ကန့်မရွေး မိမိတို့၏ အမှတ်တရများအား ကြည်လင်ပြတ်သားမှုအရှိဆုံး ပုံရိပ်များအဖြစ် ရိုက်ကူးသိမ်းဆည်းသွားနိုင်ရန်အတွက် Cover Screen တွင် 12 MP ကင်မရာ ၂ လုံး (Wide နှင့် Ultra-Wide) နှင့်အတူ 10 MP ‌ရှေ့ကင်မရာများကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားသည်။ Z Fold 3 စမတ်ဖုန်းကဲ့သို့ပင် Z Flip 3 စမတ်ဖုန်းတွင်လည်း IPX8 water resistance ရေစိုခံနည်းပညာနှင့် အကြမ်းခံနိုင်စေမည့် Corning Gorilla Glass Victus မှန်တို့ကိုလည်း ထည့်သွင်းပေးထားသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top