အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပေးပြီး မျောက်ဝံတစ်ကောင်နဲ့ ထိုးသတ်ဖို့ ကြိုးစားခဲ့ဖူးတဲ့ မိုက်တိုင်ဆန်

aa1.jpg

နာမည်ကျော် လက်ဝှေ့သမား မိုက်တိုင်ဆန်ဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပေးပြီး မျောက်ဝံတစ်ကောင်နဲ့ ထိုးသတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ကြိုးဝိုင်းထဲမှာ ကြမ်းတမ်းခက်ထန်လွန်းလို့ သံမဏိမိုက်တိုင်ဆန်လို့ အမည်တွင်ခဲ့တဲ့ မိုက်တိုင်ဆန်ဟာ တိရစ္ဆာန်ချစ်တတ်သူ တစ်ယောက်ပါ။ ခိုတွေနဲ့ တောကြောင်တွေ မွေးခဲ့သူပါ။

ဒါပေမဲ့ တစ်ချိန်တုန်းကတော့ တိရစ္ဆာန်တစ်ကောင်နဲ့ သတ်ပုတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ သွေးဆာနေတဲ့ မျောက်ဝံတစ်ကောင်နဲ့ ထိုးသတ်လုဆဲဆဲ အခြေအနေဖြစ်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်တုန်းက ဟဲဗီးဝိတ်တန်းမှာ ရှုံးပွဲမရှိ လက်ဝှေ့သမားအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ မိုက်တိုင်ဆန်ဟာ သူ့ချစ်သူ(ဟောင်း) ရောဘင်ဂစ်ဗင်နဲ့အတူ တိရစ္ဆာန်ရုံကို သွားကြည့်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ မျောက်ဝံတစ်ကောင်က အခြားမျောက်ဝံတွေကို သတ်ပုတ်နေတာ တွေ့ရပါတယ်။ သာမန်လူတွေဆိုရင်တော့ ဒီမြင်ကွင်းကို ရှောင်လွှဲပြီး လမ်းဆက်လျှောက်သွားမှာပါ။ မိုက်တိုင်ဆန်ကတော့ အဲဒီမျောက်ဝံနဲ့ သတ်ပုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ မျောက်ဝံလှောင်အိမ်တံခါး ဖွင့်ပေးမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပေးမယ်လို့ တိရစ္ဆာန်ရုံအစောင့်အကြပ်ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်ရုံ အစောင့်အကြပ်က ငြင်းဆန်ခဲ့လို့ မိုက်တိုင်ဆန်နဲ့ မျောက်ဝံရဲ့ သတ်ပုတ်ပွဲ အကောင်အထည် မပေါ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top