ဝိတ်တန်း(၃)တန်းရဲ့ ကမ္ဘာ့ချန်ပီယံ ကာနယ်လိုအဲဗာရက်ဇ်နဲ့ ထိုးသတ်ချင်တယ်လို့ အမေရိကန်လက်ဝှေ့သမား အာရိုစပန့်ဂျူနီယာ ပြော

yyl-027-7.jpg

ဝိတ်တန်း(၃)တန်းရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ မက္ကဆီကိုလက်ဝှေ့သမား ကာနယ်လိုအဲဗာရက်ဇ်နဲ့ ထိုးသတ်ချင်တယ်လို့ အမေရိကန်လက်ဝှေ့သမား အာရိုစပန့်ဂျူနီယာက ပြောပါတယ်။ ကာနယ်လိုအဲဗာရက်ဇ်က ပွဲပန်းနေတဲ့ ပုပြက်ပြက် ဖိုက်တာတစ်ယောက်ဖြစ်လို့ သူ့ရဲ့လူကောင်အရွယ်အစားနဲ့ ပါဝါကို မစိုးရိမ်မိဘူးလို့ အာရိုစပန့်က ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကစတင်ပြီး IBF ဝယ်တာဝိတ်ချန်ပီယံခါးပတ် သိမ်းပိုက်ထားတဲ့ အာရိုစပန့်ဟာ (၁၄၇)ပေါင်တန်းမှာ ပွဲစဉ်(၃)ပွဲထိုးပြီးရင် (၁၅၄)ပေါင်အထိတင်ပြီး ဂျူနီယာမစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ်မယ်လို့ ဆိုပါတယ်။ သူဟာ ပြိုင်ဘက်ကစားသမားတွေကို အနိုင်ယူပြီး ဝယ်တာဝိတ်တန်းမှာ အငြင်းပွားစရာမရှိ ချန်ပီယံအဖြစ် အဆုံးသတ်နိုင်ဖို့ ရည်ရွယ်နေသူပါ။ သူ့အနေနဲ့ ကာနယ်လိုအဲဗာရက်ဇ်နဲ့ ထိုးသတ်ခွင့်ရဖို့ အတွက် ပေါင်(၁၆၀)အထိ တင်သွားမယ်လို့ အာရိုစပန့်က ပြောပါတယ်။

(၂၅)ပွဲထိုးရာမှာ အလဲထိုးနိုင်ပွဲ(၂၁)ပွဲအပါအဝင် ပွဲတိုင်းနိုင်ထားတဲ့ အာရိုစပန့်ဟာ စက်တင်ဘာလ ၂၈ ရက်ကျရင် အမေရိကန်လက်ဝှေ့သမား ရှောင်ပေါ်တာနဲ့ ထိုးသတ်ဖို့ရှိနေပါတယ်။ ကာနယ်လိုအဲဗာရက်ဇ်ကတော့ ပွဲစဉ်(၅၂)ပွဲ ထိုးသတ်ရာမှာ အလဲထိုးနိုင်ပွဲ(၃၅)ပွဲ၊ သရေပွဲ(၂)ပွဲ၊ ရှုံးပွဲ(၁)ပွဲ ကြုံတွေ့ခဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့မေလက နောက်ဆုံးထိုးသတ်ခဲ့တဲ့ ဒန်နီယယ်ဂျက်ကော့နဲ့ပွဲမှာ ပွဲတစ်ဝက်နောက်ပိုင်း သက်လုံကျသွားပြီး ရှုံးမလိုတောင်ဖြစ်ခဲ့ပါသေးတယ်။ သူဟာ ဂလော့ကင်၊ အော်စတင်ထရော့တို့နဲ့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်(၂)ပွဲလုံးမှာလည်း အဲဒီအတိုင်းပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top