ရုပ်ရှင်ကားအသစ်မှာ ဒိုင်ယာနာ မင်းသမီးအဖြစ် ပါဝင်မယ့် ခရစ္စတင်းစတီးဝပ်

18-6-2020-yyl-002.jpg

Twilight ဇာတ်ကားနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသမီးခရစ္စတင်းစတီးဝပ်ဟာ ရုပ်ရှင်ကားသစ် Spencer မှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ အဲဒီဇာတ်ကားမှာ ခရစ္စတင်းက ဒိုင်ယာနာမင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဒိုင်ယာနာမင်းသမီးက ချားလ်မင်းသားနဲ့ ကွာရှင်းပြီး ဗြိတိသျှတော်ဝင်မိသားစုကနေ စွန့်ခွာခဲ့တဲ့အချိန်အကြောင်းကို ရိုက်ကူးမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို နာတာလီ ပေါ့ထ်မန်း အော်စကာဆုဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ “Jackie”ဇာတ်ကားရဲ့ဒါရိုက်တာ ပါဘာလို လာရိမ်းက ရိုက်ကူးသွားမှာဖြစ်ပါတယ်။ “ခရစ္စတင်းက အခုခေတ်မှာ သရုပ်ဆောင်တော်တဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။ ဒါကို ကောင်းကောင်းလုပ်ဖို့အတွက် ဇာတ်ကားထဲမှာ အရမ်းကြီးတဲ့အရာတွေ လိုပါတယ်။ ခရစ္စတင်းက တော်တော်များများဖြစ်နိုင်ပါတယ်။ သူက အရမ်းသိုသိုသိပ်သိပ်နေတတ်တဲ့သူ၊ အရမ်းလည်း သန်မာတဲ့သူဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ လိုအပ်နေတဲ့အရာပါပဲ။ အဲဒါတွေကို ပေါင်းစပ်လိုက်တာက သူ့ကို ကျွန်တော်တွေးမိသွားစေတယ်”လို့ ဒါရိုက်တာက ပြောပါတယ်။

“ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး ခရစ္စတင်းတုန့်ပြန်တဲ့ပုံစံ၊ ဇာတ်ကောင်နဲ့ အနီးစပ်ဆုံးတူအောင် သူဘယ်လိုလုပ်မလဲဆိုတာတွေက မြင်ရတာ တကယ်ကိုလှပါတယ်။ တစ်ချိန်တည်းမှာပဲ သူ စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုကို လုပ်တော့မယ်လို့ ကျွန်တော်ထင်တယ်။ သူက သဘာဝအလျောက်ဖြစ်လာတာပါ”လို့ ဒါရိုက်တာက ဆက်လက်ပြောပါတယ်။ ဒိုင်ယာနာမင်းသမီးက ပဲရစ်မြို့မှာ ကားတိုက်မှုဖြစ်ပြီး ၁၉၉၇ခုနှစ်မှာ သေဆုံးခဲ့တာပါ။ အဲဒီလိုဖြစ်ရခြင်းမှာ ပါပါရာရာဇီတွေရဲ့နောက်က ဇွတ်အတင်းလိုက်တာက တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်တယ်လို့လည်း ပြောဆိုချက်တွေရှိပါတယ်။ အဲဒီကားမတော်တဆမှုမှာ ဒိုင်ယာနာမင်းသမီးနဲ့အတူ သူ့ရဲ့လက်တွဲဖော် ဒိုဒီ ဖာရက်တ်၊ သူတို့ရဲ့ကားမောင်းသမား ဟင်နရီ ပေါလ်တို့လည်း သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းကျမှ ပေါလ်က အရက်သောက်ပြီး ကားမောင်းခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒိုင်ယာနာမင်းသမီးရဲ့ဘော်ဒီဂတ်တစ်ယောက်ကလည်း အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

Ref: Kristen Stewart to play Princess Diana in new movie, ‘Spencer’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top