Avatar ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ (၄) ကား ထွက်ရှိလာမယ့် ရက်အတိအကျ

13730110-maxresdefault-1560398816-728-9b91a8c1d9-1562151107.jpg

Box Office မှာ အအောင်မြင်ဆုံးရုပ်ရှင်ကားဖြစ်တဲ့၊ ပရိသတ်တွေ သန်းပေါင်းများစွာ အားပေးခဲ့တဲ့ Avatar ရုပ်ရှင်ကားဟာ နောက်ဆက်တွဲအနေနဲ့ Avatar 2 အပြင် နောက်ထပ်ရုပ်ရှင်ကားသစ် (၃) ကား ထွက်ရှိလာဦးမှာဖြစ်ပါတယ်။ တရားဝင်ထွက်ရှိလာတဲ့ နောက်ဆက်တွဲရုပ်ရှင်တွေရဲ့ ပုံတွေ နဲ့ နမူနာဗီဒီယိုတွေ မရှိသေးပေမယ့် ရုပ်ရှင်ကြည့်ပရိသတ်တွေကို အဲဒီရုပ်ရှင်ကားရဲ့ အကြောင်းအရာတချို့ကိုတော့ မျှဝေပေးလို့ရပါတယ်။

Avatar 1 ကို ရုံတင်ပြသခဲ့တာ ဆယ်စုနှစ်တစ်ခု ရှိနေပါပြီ။ အခုဆိုရင် Avatar 2 ကို စောင့်ဆိုင်းနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေ ၂၀၂၁ ခုနှစ်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ Avatar ရဲ့ ဖန်တီးရှင် ဂျိမ်းစ်ကင်မရွန် (James Cameron) မှာ စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်ရှိနေပါပြီ။ အဲဒီထဲမှာ Avatar 3, 4 , 5 ဆိုတဲ့ နောက်ထပ်ရုပ်ရှင် (၃) ကားလည်း ပါဝင်ပါတယ်။ Disney ကလည်း အဲဒီရုပ်ရှင်ကား (၃) ကား ထွက်ရှိလာမယ့် ရက်တွေကို ကြေညာပြီးသွားပါပြီ။

ကင်မရွန်က ” Avatar ရုပ်ရှင်ကို အတွေ့အကြုံတွေနဲ့ပဲ သွားမှာပါ။ အခုဆို နောက်ထပ် (၄) ကားအတွက် Jake ဇာတ်ကောင်ကို ဘယ်လို ရေးရမလဲဆိုတာ ကျွန်တော် သိပါပြီ။ အဲဒီက သူအတွက် ခက်ခဲပါတယ်။ အခုဆိုရင် ကျောချင်းကပ် ပုံနှစ်ပုံ ပြီးပါပြီ။ Avatar 2 နဲ့ 3 ကို အတူတူလုပ်ခဲ့တာမို့ပါ။ မှောင်မဲတဲ့နေရာတချို့ကိုလည်း သွားခဲ့ရပါတယ်” လို့ Empire podcast နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

Avatar ရုပ်ရှင်ကား ရဲ့ နောက်ဆက်တွဲ (၄) ကား ထွက်ရှိလာမယ့် ရက်အတိအကျကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

  • Avatar 2 (၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၁၇) ရက်)
  • Avatar 3 (၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၂) ရက်)
  • Avatar 4 (၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၁၉) ရက်)
  • Avatar 5 (၂၀၂၇ ခုနှစ် ဒီဇင်ဘာ (၂၂) ရက်)

နောက်ဆက်တွဲ Avatar ရုပ်ရှင်ကားတွေကို ကြည့်ရှုရဖို့ နှစ်အကြာကြီး စောင့်ဆိုင်းရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ Avatar ကို ပုံဖော်ရိုက်ကူးမယ့်သူရဲ့ အရည်အချင်းကို သိမြင်မိမယ်ဆိုရင် စောင့်ဆိုင်းကြည့်ရှုရမှာ တန်ပါတယ်နော်…။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top