ကိုယ့်ကို တစ်စုံတစ်ယောက်အာရုံစိုက်မိလာအောင် ဘယ်လိုလုပ်မလဲ

yyl-047-2.jpg

သင် လေးစားတဲ့သူ၊ သင်စိတ်ဝင်စားနေတဲ့သူက သင့်ကိုသတိထားမိအောင် အာရုံစိုက်မိအောင် လုပ်ဖို့ဆိုတာမလွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ခန္ဓာကိုယ်အမူအရာ၊ ယုံကြည်ချက်ရှိမှုတွေနဲ့ လူတစ်ယောက်အာရုံစိုက်မိလာအောင်လုပ်လို့ရပါတယ်။ ကိုယ့်ကို တစ်စုံတစ်ယောက်သတိထားမိအောင်လုပ်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့လိုတယ်နော်။ ကဲ…ဘယ်လိုလုပ်ရင် တစ်စုံတစ်ယောက် ကိုယ့်ကိုသတိထားမိစေလဲ၊ အာရုံစိုက်မိစေလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်..။

ပြုံးပါ

ဒီတစ်ခုတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါကိုလုပ်ဖို့ အားစိုက်စရာလည်းမလိုပါဘူး။ အပြုံးကို လျစ်လျူရှုထားနိုင်တဲ့သူ ဘယ်သူမှမရှိပါဘူး။ ပြုံးပြတာနဲ့ ခေါင်းညိတ်ပြတာတွေက တစ်စုံတစ်ယောက်ရဲ့အာရုံစိုက်မှုကို ရရှိနိုင်တဲ့အကောင်းဆုံးနည်းလို့ လေ့လာချက်တွေအရ သိရပါတယ်။

အာရုံစိုက်ပေးပါ

သင့်က တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်တာ၊ သတိထားမိတာကို လိုချင်တယ်ဆိုရင် သင်ကလည်း အဲဒီလူကို ပြန်ပြီးစိတ်ဝင်စားပြတာ၊ ဂရုစိုက်ပြတာတွေလုပ်ဖို့လိုပါတယ်။ အဲဒါတွေလုပ်ဖို့ဆိုရင် ကိုယ့်ကိုသတိထားမိစေတဲ့သူကို မေးခွန်းမေးတာ၊ သူ/သူမ ပြောတဲ့အရာတွေကို နားထောင်ပေးတာတွေလုပ်ပေးရပါတယ်။ လူတွေက သူတို့အကြောင်းပြောရတာကြိုက်သလို သူတို့ကို အလေးထားတဲ့သူတွေကိုလည်း ကြိုက်မှာသေချာပါတယ်။ ဒါကြောင့် အာရုံစိုက်ခံခြင်ရင် ကိုယ်ကလည်း အာရုံစိုက်ပြလိုက်ပါ။

နှုတ်ဆက်စကားပြောပါ

တစ်စုံတစ်ယောက်ရဲ့အာရုံစိုက်တာခံချင်ရင် အလွယ်ကူဆုံးအရာကတော့ အဲဒီလူကို နှုတ်ဆက်စကားပြောဖို့ပဲ။ သူ/သူမကို တွေ့တဲ့အခါ “ဟယ်လို”၊ “ဟိုင်း” လို့ပြောပြီး နှုတ်ဆက်လိုက်မယ်ဆိုရင် သူ့ဆီက တုံ့ပြန်တဲ့စကားရမှာပါ။ ဒီနည်းက သင်ရှိတယ်ဆိုတာ အဲဒီလူကို သတိထားမိစေပါတယ်။ နှုတ်ဆက်စကားပြောတာက နောက်ထပ်ပြောမယ့်စကားတွေကို လမ်းဖောက်ပေးသလိုလည်း ဖြစ်စေပါတယ်။

အသိမိတ်ဆွေတွေကတဆင့် မိတ်ဆက်ပါ

တစ်ခါတလေ အသိမိတ်ဆွေကနေတဆင့် မိတ်ဆက်ပြီး ရင်းနှီးအောင်လုပ်တာက ပိုပြီးလွယ်ကူပါတယ်။ သင့်သူငယ်ချင်းက သင် သတိထားမိစေချင်တဲ့သူနဲ့ ရင်းနှီးတယ်ဆိုရင် သင့်သူငယ်ချင်းကို မိတ်ဆက်ပေးဖို့ ကူညီတောင်းကြည့်ပါ။ ဒါမှမဟုတ် အဲဒီလူနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖြစ်အောင် ပေါင်းကြည့်လို့ရပါတယ်။

Ref: Smart ways to win a person’s attention in just one minute

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top