ဒုံးကျည်သစ်တစ်ခု ဖန်တီးလုပ်ဆောင်နေပြန်တဲ့ မြောက်ကိုရီးယား

170515-north-korea-ac-751p_ab0e3c65a10a5b71ddef27cb9d85c816.nbcnews-ux-2880-1000.jpg

မြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန် အစိုးရကြား ဆက်ဆံဆွေးနွေးမှုတွေ ပြန်ဖြစ်ပေါ်နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်အသစ် တခု တည်ဆောက်နေကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံက တာဝန်ရှိသူတစ်ဦးက ဒုံးကျည်ထုတ်လုပ်မှု ရှိနေတဲ့နေရာမှာ လှုပ်ရှားမှု ဆက်လက်ရှိနေတာကို ဂြိုလ်တုကတဆင့် တွေ့မြင်သိရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ ဒုံးကျည်သစ် ထုတ်လုပ်မှုက ဘယ်လောက် ကြာနေပြီဆိုတာကို အတိကျမသိသေးဘူးလို့ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးကပြောခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက တွေဆုံဆွေးနွေးခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်အောင် လုပ်ဖို့ ကတိပြုခဲ့ပါတယ်။ အမေရိကန် ဝါရှင်တန်ပိုစ့် သတင်းစာကတော့ မြောက်ကိုရီးယားနိုင်ငံဟာ Sanumdong အရပ်က ဒုံးကျည်စက်ရုံမှာ ဓါတ်ငွေ့အရည်သုံး လွှတ်တင်မယ့် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ဒါမှမဟုတ် နှစ်စင်း လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါ စက်ရုံဟာ အမေရိကန်နိုင်ငံအထိ ပစ်လွှတ်နိုင်စွမ်းရှိတယ်လို့ ဆိုခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည် Hwasong 15 ထုတ်လုပ်ခဲ့တဲ့ ဒုံးကျည်စက်ရုံ ဖြစ်ပါတယ်။ ဂြိုလ်တု ဓါတ်ပုံတွေအရ အဆိုပါ ဒုံးကျည်စက်ရုံအတွင်းနဲ့ အပြင်ပိုင်းတို့မှာယာဉ်တွေ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ လက်နက်အစီစဉ်ကို ဆက်လက် လုပ်ကိုင်ဖွယ်ရှိနေပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကြား ထိပ်သီးဆွေးနွေးပွဲ အကျိုးသက်ရောက်မှုအပေါ်  သံသယရှိမှုတွေ အရင်ကတည်းက ရှိနေခဲ့ဖူးပါတယ်။

Ref:BBC – North Korea ‘working on new missiles’, US officials say

Kuang Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top