မြန်မာဆက်သွယ်ရေးအော်ပရေတာ Mytel သည် Viiettel နှင့် Vietchallenge မှ ဦးစီးကျင်းပသည့် Viettel Advanced Solution Track (VAS Track 2019) ပြိုင်ပွဲအကြောင်းကို ကြေညာလိုက်ပါသည်။ ယခုပြိုင်ပွဲသည် “အမှန်တရားအသစ်များကိုဖန်တီးခြင်း” ဟူသောခေါင်းစဉ်ဖြင့် ပြည်တွင်းပြည်ပမှ အစပျိုးလုပ်ငန်းရှင်များအတွက် တရားမျှတသောပြိုင်ပွဲတစ်ခုဖြစ်ပြီး အခက်အခဲပြဿနာများကို ထိုးဖောက်ဖြေရှင်းနိုင်ရန်အတွက် ဆက်သွယ်ရေးကဏ္ဍ၏ အားသာချက်များနှင့်ပူးပေါင်းကာ လက်ရှိနှင့်အနာဂတ်ဘဝတွင် ပြန်လည်အသုံးချနိုင်မည့် နိုင်ငံတကာအဆင့်မီကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဖန်တီးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

Viiettel နှင့် Vietchallenge မှ ဦးစီးကျင်းပသည့် Viettel Advanced Solution Track (VAS Track 2019) ပြိုင်ပွဲ
အမေရိကန်နိုင်ငံတွင်ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်အဖွဲ့တွင် ထင်ရှားကျော်ကြားသော ကျွမ်းကျင်ပညာရှင်များဖြစ်သည့် Mark Cuban ကုမ္ပဏီ၏ CEO နှင့် Koch Disruptive Technologies ၏ ဒါရိုက်တာတို့မှ ပါဝင်သုံးသပ်အကဲဖြတ်သွားမည်ဖြစ်သည်။ ဝင်ငွေ အမေရိကန်ဒေါ်လာဘီလျံ (၁၀၀)ကျော် ရရှိသည့် အမေရိကန်နိုင်ငံအခြေစိုက် ဒုတိယအကြီးဆုံးပုဂ္ဂလိကကော်ပိုရေးရှင်း Koch Industries က အစပျိုးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်ပြီး ကမ္ဘာ့အဆင့်မီပြိုင်ပွဲတစ်ခုဖြစ်စေရမည်ဟု ကတိပြုထားသည်။

ကိုယ်ပိုင်တီထွင်ကြံဆမှုများဖြင့်လုပ်ဆောင်ထားသည့် ကုန်ပစ္စည်းများနှင့် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ထိုက်တန်သောဂုဏ်ပြုဆုများကိုလည်း ရနိုင်မည့်အခွင့်အလမ်းရှိ
ဤပြိုင်ပွဲတွင် နိုင်ငံတကာမှဝင်ရောက်ယှဉ်ပြိုင်ချင်သူများ၊ အဖွဲ့အစည်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းများ လည်းပါဝင်နိုင်မည်ဖြစ်ပြီး တီထွင်ကြံဆနိုင်မည့် စိတ်ကူးစိတ်သန်းရှိရုံဖြင့် (သို့မဟုတ်) အဖြေရှာနိုင်ခြင်း၊ ကိုယ်ပိုင်တီထွင်ကြံဆမှုများဖြင့်လုပ်ဆောင်ထားသည့် ကုန်ပစ္စည်းများနှင့် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ထိုက်တန်သောဂုဏ်ပြုဆုများကိုလည်း ရနိုင်မည့်အခွင့်အလမ်းရှိနေပါသည်။
အစမ်းယှဉ်ပြိုင်မှုအဆင့်ပြီးမြောက်သွားသည့်အဖွဲ့များသည် နောက်ဆုံးဆင့်ယှဉ်ပြိုင်မှုကို လာအိုနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျင်းပမည့် ကာလတစ်လျှောက်ကျသင့်မည့်စရိတ်များကို Viettelမှ ကူညီထောက်ပံ့သွားမည်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် VietChallenge
ထို့အပြင် ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည့်အဖွဲ့ (၃) ဖွဲ့သည် ငွေသားဂုဏ်ပြုဆုအပြင် VND (၁) ဘီလျံကျော် ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သော အမေရိကန်နိုင်ငံတွင် ကျင်းပမည့် VietChallenge နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်မည့်အဖွဲ့များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် Viettel နှင့် လက်မှတ်ရေးထိုးပြီး အမြတ်ရှယ်ယာ (၇၅) ရာခိုင်နှုန်းအထိ ရရှိနိုင်မည်ဖြစ်သည်။

VAS Track 2018 winner
အဖွဲ့များသည် အမေရိကန်နိုင်ငံတွင် ယှဉ်ပြိုင်နေစဉ် Harvard ၊ MIT ၊ Boston တက္ကသိုလ်တို့၏ ပါမောက္ခများမှ (၁) ယောက်ချင်း သင်ကြားပြသပေးခြင်း၊ Silicon Valley တွင်ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံခြင်း ၊ တင်ပြပုံ တင်ပြချက်များကို လေ့လာသင်ယူနိုင်ခြင်း၊ Boston ၏ စွန့်ဦးတီထွင်မှုဂေဟစနစ်ကို လေ့လာနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများနှင့် အနီးကပ်တွေ့ဆုံပြီး အလုပ်လုပ်ကိုင်ခွင့်လည်း ရနိုင်မည်လည်း ဖြစ်ပါသည်။ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများနှင့် အဖွဲ့အစည်းများသည် ယခုအချိန်မှစ၍ http://vas.viettel.vn မှ နမူနာဖိုင်များနှင့် အက်ပလီကေးရှင်း form များကို ဒေါင်းလုဒ်ရယူပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ပါသည်။
Team (ရိုးရာလေး)