မိုဇမ်ဘစ်နိုင်ငံထွက် ပတ္တမြားကြီး စံချိန်တင်ဈေးနှုန်း ဒေါ်လာ ၃၄.၈ သန်းနဲ့ လေလံအောင်မြင်

24.6.2023-yyl-1.jpg

လေလံပွဲမှာ ပြသခဲ့တဲ့ ပတ္တမြားတွေအနက် အကြီးဆုံးဖြစ်တဲ့ ၅၅.၂၂ ကာရက် ပတ္တမြားဟာ စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၄.၈ သန်းနဲ့ လေလံအောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မိုဇမ်ဘစ်နိုင်ငံ မိုင်းတွင်းကနေ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အကွက်မသွေးခင် ၁၀၁ ကာရက်အထိ ရှိပါတယ်။ Sotheby’s ရဲ့ လေလံပြပွဲမှာ လေလံအောင်ခဲ့တာပါ။

ကနေဒါကျောက်မျက်ကုမ္ပဏီ Fura Gems ရဲ့ မိုင်းတွင်းတစ်ခုမှာ ဒီပတ္တမြားကို တူးဖော်တွေ့ရှိခဲ့တာဖြစ်လို့ Fura ရဲ့ ကြယ်ပွင့်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ အရောင်အသွေး၊ ကြည်လင်ပြတ်သားမှုနဲ့ အရွယ်အစားအရ ဒီလိုပတ္တမြားမျိုး တစ်ခါမျှ မမြင်ဖူးဘူးလို့ ဒီပတ္တမြားကို စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲခန်းတာဝန်ရှိသူက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ပတ္တမြားအထွက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မိုဇမ်ဘစ်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကမှ ပတ္တမြားတွေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ပတ္တမြားသိုက်ကြီး တွေ့ရှိခဲ့ပြီးနောက်မှသာ နိုင်ငံတကာရဲ့ အာရုံစိုက်ခြင်း ခံခဲ့ရတာပါ။

Ref: Largest Ruby Ever to Come to Auction Sells for Record-Breaking $34.8 Million

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top