ဆန္ဒပြသူတွေကို သေနတ်နဲ့ချိန်ခဲ့တဲ့လုပ်ရပ်ကြောင့် ရှေ့နေလင်မယား စွဲချက်တင်ခံထားရ

intl2107202001.jpg

မစ်ဆူရီပြည်နယ် စိန့်လူးဝစ်မြို့မှာ နေထိုင်တဲ့ လင်မယားနှစ်ယောက်ဟာ သူတို့အိမ်အပြင်ဘက်က ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ ချိန်ရွယ်ခဲ့တဲ့လုပ်ရပ်ကြောင့် ဥပဒေနဲ့ မညီညွတ်တဲ့ လက်နက်အသုံးပြုမှုအဖြစ် စွဲချက်တင်ခံထားရပါတယ်။ ရှေ့နေတွေဖြစ်တဲ့ မက်ခ်နဲ့ ပက်ထရစ်ရှာမက်ကလိုစကီးဟာ ပြီးခဲ့တဲ့လက အမေရိကန်ဒေါ်လာ ၁.၁၅ သန်းတန် စံအိမ်အပြင်ဘက်က လူမျိုးရေးတရားမျှတမှု ဆန္ဒပြသူတွေကို သေနတ်ထုတ် ချိန်ရွယ်ခဲ့ပါတယ်။

သူတို့က ခြိမ်းခြောက်သလို ခံစားရတဲ့အတွက် သေနတ်တွေဆောင်ထားတာလို့ သူတို့နှစ်ယောက်က ပြောပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်က ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲကို အကြမ်းဖက်မှုဖြစ်ပေါ်စေတယ်လို့ စိန့်လူးဝစ်မြို့ရဲ့ ထိပ်တန်းရှေ့နေက ပြောပါတယ်။ ဥပဒေနဲ့ မညီညွတ်တဲ့ လက်နက်အသုံးပြုမှုလို့ အဆင့်(E)ပြစ်မှုတွေဟာ ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top