ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တုံ့ပြန်တဲ့ အိန္ဒိယနိုင်ငံရဲ့နည်းလမ်းက တစ်ကမ္ဘာလုံး မှားယွင်းကြောင်း သက်သေပြနေတယ်လို့ နာရန္ဒြာမိုဒီ ပြော

27-7-2020-yyl-002.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်ရာမှာ အိန္ဒိယနိုင်ငံ အသုံးပြုနေတဲ့နည်းလမ်းက တစ်ကမ္ဘာလုံး မှားယွင်းတယ်ဆိုတာ သက်သေပြနေတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၃ သန်းကျော်ရှိပြီး သေဆုံးသူ ၃၂,၀၆၀ ယောက် ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

” ပြီးခဲ့တဲ့လပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ အိန္ဒိယနိုင်ငံသားတွေ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ နည်းလမ်းက တစ်ကမ္ဘာလုံး မှားယွင်းတယ်ဆိုတာ သက်သေပြနေပါတယ်”လို့ လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားမှုမှာ မိုဒီက ပြောခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်လည်သက်သာလာတဲ့နှုန်းဟာ တခြားနိုင်ငံတွေထက် ပိုကောင်းတယ်လို့ မိုဒီက ဆိုခဲ့ပေမဲ့ ခြိမ်းခြောက်မှုအန္တရာယ်ရှိနေဆဲပဲလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လူနာသစ် ၄၈၆၆၁ ယောက် တွေ့ရှိခဲ့ပြီး နယူးဒေလီမြို့ကတော့ အခြေအနေ အဆိုးရွားဆုံးပါပဲ။ နယူးဒေလီမြို့ဟာ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်မှုအဆိုးရွားဆုံးဖြစ်ပြီး နယူးဒေလီမြို့မှာ နေထိုင်သူ ၄ ယောက်မှာ တစ်ယောက်နှုန်းနီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အိန္ဒိယနိုင်ငံ ရောဂါထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားစင်တာရဲ့ သုတေသနမှာ ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top