လစ်လပ်နေတဲ့ WBC လိုက်ဝိတ်ခါးပတ်အတွက် လိုမာချန်ကိုနဲ့ ကမ်းဘဲလ် ထိုးသတ်မယ်

59632716_2365395593491347_7581850770572574720_n.jpg

လစ်လပ်နေတဲ့ လိုက်ဝိတ်ချန်ပီယံခါးပတ်အတွက် လုခ်ကမ်းဘဲလ်နဲ့ လိုမာချန်ကိုတို့ ယှဉ်ပြိုင်ထိုးသတ်ကြဖို့ WBC က ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးလက်ဝှေ့သမားလို့ သတ်မှတ်ခံထားရတဲ့ ယူကရိန်းလက်ဝှေ့သမား လိုမာချန်ကိုဟာ ပြီးခဲ့တဲ့လက ဗြိတိန်လက်ဝှေ့သမား တစ်ယောက်ဖြစ်တဲ့ အန်သိုနီခရိုလာကို (၄) ချီမှာ အလဲထိုးအနိုင်ရခဲ့ပြီး WBA နဲ့ WBO ခါးပတ်တွေ ကာကွယ်နိုင်ခဲ့သူပါ။ အသက် (၃၁) နှစ်အရွယ်ရှိတဲ့ ဗြိတိန်လက်ဝှေ့သမား ကမ်းဘဲလ်ကတော့ ၂၀၁၇ ခုနှစ်က WBA ရွှေခါးပတ်လုပွဲမှာ ဂျော့လိုင်နာရက်စ်ကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သူပါ။

အဲဒီနောက်ပိုင်းမှာ ကမ်းဘဲလ်က လေ့ကျင့်ရေးစခန်း ပြောင်းလဲပြီး မက်ဂိုင်ဂန်နဲ့ ပြောင်းလဲလေ့ကျင့်ခဲ့ရာမှာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲစဉ် (၃) ပွဲလုံး အနိုင်ရခဲ့ပါတယ်။ ကမ်းဘဲလ်နဲ့ လိုမာချန်ကိုတို့ ထိုးသတ်ကြမယ့်ပွဲစဉ်မှာ အနိုင်ရတဲ့သူဟာ ကမ္ဘာ့လိုက်ဝိတ်ချန်ပီယံခါးပတ် (၄) ခုအနက် (၃) ခုကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ ကမ်းဘဲလ်ရဲ့ ပွဲစီစဉ်သူတွေကတော့ လိုမာချန်ကိုကို ဗြိတိန်မှာ လာရောက်ထိုးသတ်အောင် စည်းရုံးနိုင်မယ်လို့ ယူဆနေကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top