ဖုန်းခေါ်ဆိုမှုပမာဏ ၄ဆ မြင့်တက်လာကြောင်း Rakuten Viber က ထုတ်ပြန်ကြေညာ

Viber-data-release-During-covid-19.jpg

ကမ္ဘာအကြီးမားဆုံး ဆက်သွယ်ရေး ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Rakuten Viber က COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သူတို့ရဲ့အဓိကလုပ်ဆောင်ချက်များကို ပိုမိုထည့်သွင်းပေးခြင်းနှင့် ပြည်သူများ အဆက်အသွယ် မပြတ်စေရန် အတွက် အပြုသဘောဆောင်သော ဝန်ဆောင်မှုများကို စတင်ခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်များရဲ့ရလဒ်အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုသူများ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ပလက်ဖောင်းကို အသုံးပြုသူ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိ လူသုံးအများဆုံး လုပ်ဆောင်ချက်မှာ အဖွဲ့လိုက် စာတိုပေးပို့ခြင်းနှင့် အဖွဲ့လိုက်ဖုန်းခေါ်ဆိုခြင်း စတဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း အဖွဲ့လိုက် စာတိုပေးပို့ခြင်းက ၁၃၄% မြင့်တက်လာပြီး Viber အသုံးပြုသူများရဲ့ ပျမ်းမျှ အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်းကလည်း ၃၇၀% အထိ မြင့်တက်လာခဲ့ပါတယ်။ Viber Communties များမှာ ဝင်ရောက်စောင့်ကြည့်သူ ပျမ်းမျှအားဖြင့် ၇၈% ခန့် အထိ တိုးမြင့်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်း ခေါ်ဆိုမှုများက အရင်ထက် ၁၀ ဆ နီးပါးမြင့်တက်လာခဲ့ပြီး Community သို့ဝင်ရောက်ကြည့်ရှုသူများမှာလည်း ၆၇% ထိ မြင့်တက်လာခဲ့ပါတယ်။

Covid-19 ကပ်ရောဂါဖြစ်ပွားချိန်မှစပြီး ဗိုင်းရက်စ်ကို ခုခံကာကွယ်ရန်အတွက် Viber မှ လုပ်ဆောင်ချက်အသစ်များကို စတင်ခဲ့တာပါ။ App အတွင်း လူဦးရေ ငါးဦးခေါ်ဆိုနိုင်ရာမှ ၂၀ အထိ တစ်ချိန်တည်းတွင် ခေါ်ဆိုနိုင်စေရန် အသံဖြင့် အဖွဲ့လိုက်ဖုန်းခေါ်ဆိုရာတွင် ပါဝင်နိုင်သူဦးရေအား မြှင့်တင်ပေးခဲ့ပါတယ်။

အသုံးပြုသူများက ကပ်ရောဂါဆိုင်ရာ တရားဝင် ယုံကြည်စိတ်ချရသော သတင်းများ ရယူနိုင်သည့် community များကိုလည်း Viber မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး နိုင်ငံအများအပြားတွင် မိတ်ဆက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးနှင့် အခြားသော ဝန်ကြီးဌာနများနှင့် ပူးပါင်းပြီး ကိုရိုးနား ဗိုင်းရပ်စ် ဆိုင်ရာ အတည်ပြုသတင်းများကို အဖွဲ့ဝင်ပေါင်း ၇၀၀,၀၀၀ ကျော်သို့ မြန်မာဘာသာဖြင့် ထုတ်လွှင့်ပေးနိုင်တဲ့ COVID-19 INFO Myanmar Community ကို မိတ်ဆက်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူများရဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ကြောင့်ကြမှုများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Viber မှ တရားဝင် WHO bot ကို မိတ်ဆက်ခဲ့ဲတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်သတင်းများကို မြန်မာဘာသာအပါအဝင် အခြားဘာသာစကားမျိုးစုံဖြင့် အချိန်နှင့်တပြေးညီ ဖော်ပြပေးနိုင်ရန်အတွက် Unicef U-Reports နှင့် ပူးပေါင်းလုပ်ဆောင်နေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top