မေးစေ့အောက်မှာ Mask ရှိနေတာကို မေ့ကာ ပျောက်နေတယ်ဆိုပြီး အသည်းသန်ငိုယိုနေခဲ့တဲ့ ကလေးလေး

20-8-2020-yyl-036.jpg

အခုလိုကပ်ရောဂါအတွင်းမှာ Mask တွေက ကျွန်တော်တို့ရဲ့တစ်နေ့တာမှာ မရှိမဖြစ်အရာတစ်ခုအဖြစ် နေရာယူထားပြီး ကိုဗစ်ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် အပြင်ထွက်တဲ့အခါ လူတိုင်းလိုလို Mask ဝတ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ အပြင်ထွက်တော့မယ့်အချိန်၊ အပြင်ထွက်တဲ့အခါမျိုးမှာ Mask ဝတ်ဖို့ မေ့တဲ့အခိုက်အတန့် တွေလည်းရှိပါတယ်။ အိမ်ကထွက်ပြီးမှ Mask ဝတ်ဖို့ မေ့လို့ ပြန်ယူရတဲ့အထိပါပဲ။ ကလေးတွေကတောင် Mask ဝတ်ဆင်ရတာ ဘယ်လောက်အရေးကြီးလဲဆိုတာတောင် သိနေပါပြီ။ ထိုင်းနိုင်ငံက ဒီကောင်လေးလိုမျိုးပေါ့။ ထိုင်းနိုင်ငံက ကောင်လေးက သူ့ရဲ့Mask ကို ဘယ်နေရာမှာမှ ရှာမတွေ့တဲ့အခါမှာ ပျောက်သွားပြီလို့ထင်ကာ ငိုကြွေးခဲ့ပါတယ်။

တကယ်တော့ သူ့ရဲ့Maskက ပျောက်သွားတာမဟုတ်ပါဘူး။ သူ့ရဲ့မေးစေ့မှာ ရှိနေတာကို ကောင်လေးမေ့နေရှာတာပါ။ ဒီကောင်လေးရဲ့အဖြစ်ကလည်း မျက်မှန်ဝတ်ဆင်ရတဲ့ လူတွေကလည်း သူတို့ရဲ့ခေါင်းမှာ မျက်မှန်ကို တင်ထားပြီး မျက်မှန်ပျောက်နေတယ်ဆိုပြီး ရှာနေတဲ့အဖြစ်အပျက်မျိုးပါပဲ။ ကျောင်းမှာ ကောင်လေးငိုနေတာကို မြင်တွေ့သွားတာ ဆရာမတစ်ယောက်က ချက်ချင်းပဲ သူ့ဆီကို သွားခဲ့ပြီး မငိုဖို့ပြောခဲ့ပါတယ်။ အဲဒီနောက် ဆရာမက သူ့ရဲ့ကျောင်းလွယ်အိတ်ထဲ သွားကြည့်ဖို့ပြောတော့ ကောင်လေးက ဆရာမရဲ့စကားကို နားထောင်ပြီး သူ့လွယ်အိတ်ထဲ သွားရှာခဲ့ပါတယ်။ သူ့ရဲ့လွယ်အိတ်ထဲရှာကြည့်တော့လည်း သူ့ရဲ့Maskကို ရှာမတွေ့ပြန်ပါဘူး။ အဲဒီနောက် ဆရာမက “သားရဲ့Maskက ဘာရောင်လေးလဲ။

ပန်းရောင်လေးလား”လို့ သူ့ကိုမေးခဲ့ပါတယ်။ ကောင်လေးက ခေါင်းညိတ်ပြခဲ့ပြီး သူ့ရဲ့ပန်းရောင် ကျောင်းလွယ်အိတ်ကို လက်နဲ့ထိုးပြခဲ့ကာ “အဲဒီလိုအရောင်လေး”လို့ ပြောခဲ့ပါတယ်။ အဲဒီအခါမှာ ဆရာမက ကောင်လေးကို မှန်သွားကြည့်ချည်းလို့ ပြောခဲ့တဲ့အတွက် ကောင်လေးက မှန်ထားတဲ့နေရာဆီ လျှောက်သွားခဲ့ပါတယ်။ မှန်ထဲကနေ သူ့ရဲ့Mask က သူ့မေးစေ့အောက်မှာ ရှိနေတာကို မြင်တွေ့သွားခဲ့ပါတယ်။ အဲဒီတော့မှ ချက်ချင်းပဲ ကောင်လေးက ပြုံးရယ်ခဲ့ပြီး ပျော်ရွှင်စွာနဲ့ Maskကို နှာခေါင်းထိအုပ်အောင် ဝတ်ဆင်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ အဲဒီကောင်လေးရဲ့TikTokဗီဒီယိုက လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့သွားခဲ့ပြီး ကောင်လေးက ချစ်စရာကောင်းတယ်လို့ ပြောနေကြတဲ့အပြင် တချို့အသုံးပြုသူတွေက ကောင်လေးကို ဂရုစိုက်ပေးတဲ့ ဆရာမကို ချီးမွှမ်းထောပနာပြုခဲ့ကြပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: WorldofBuzz “Little Boy Who Cries Because He Lost His Mask When It Was Under His Chin Is All Of Us”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top