၂၀၁၇ နောက်ပိုင်း အကြီးမားဆုံးဒုံးကျည်စမ်းသပ်မှုကို အာကာသထဲကနေ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံများ KCNA ထုတ်ပြန်

30.1.2021yyl02.jpg

၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဒုံးကျည်စမ်းသပ်လွှတ်တင်မှုနဲ့ပတ်သက်ပြီး အာကာသထဲကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ တာလတ်ပစ် ဟွာဆောင်-၁၂ ဒုံးကျည်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။

အဲဒီဒုံးကျည်ဟာ အမြင့်ပေ ၁၂၄၂ မိုင်အထိ ရောက်ရှိခဲ့ပြီး ဂျပန်ကမ်းလွန်ဘက်ကို ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ပြောပါတယ်။ ဒါဟာ အခုလအတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ၇ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဖြစ်ပြီး တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံလုံးက ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ မတည်မငြိမ်ဖြစ်စေမယ့်လုပ်ရပ်တွေကို ရှောင်ကျဉ်ဖို့ အစောပိုင်းမှာ အမေရိကန်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။ ကာလရှည် နှောင့်နှေးကြန့်ကြာခဲ့တဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ အမေရိကန်ကို ဖိအားပေးရေး၊ ဒေသအင်အားကြီးနိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို နိုင်ငံရေးအင်အားပြသလိုမှု၊ အင်ဂျင်နီယာပညာရပ်သစ်နဲ့ စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးစနစ်သစ်တွေကို လက်တွေ့စမ်းသပ်ဖို့ လိုအပ်တာ အစရှိတဲ့ အချက်တွေကြောင့် မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်မှုတွေ ထပ်ဖန်တလဲလဲ လုပ်နေတာဖြစ်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေဟာ ဒုံးကျည်ထိပ်ဖူးမှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းဒေသကနေ ကိုရီးယားအရှေ့ပင်လယ်ထဲကို ထောင့်ချိုးအများဆုံးပစ်လွှတ်မှုစနစ်နဲ့ လွှတ်တင်ခဲ့တာလို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။

Ref: BBC ” North Korea missile tests: Photos from space released”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top