3.12.2021yyl15.jpg

ဆောင်းတွင်းကာလ အသားရေထိန်းသိမ်းနည်း

တစ်ရာသီနဲ့တစ်ရာသီ ပြောင်းလဲလာတာနဲ့ ကျွန်မတို့အသားရေကို ဂရုစိုက်ဖို့ လိုပါတယ်။ ဆောင်းရာသီလည်း ရောက်လာပြီဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့အသားရေက ခြောက်သွေ့ပြီး မွဲခြောက်ခြောက်ဖြစ်လာမှာဖြစ်ပါတယ်။ ဆောင်းရာသီလေက အသားရေရဲ့အစိုဓာတ်ကို ခြောက်သွေ့သွားစေပြီး အသားရေနူးညံ့မှုကို သွားသက်ရောက်စေနိုင်ပါတယ်။ ဆောင်းရာသီမှာ အသားရေက နီမြန်းတာ၊ အက်ကွဲတာတွေဖြစ်လာပြီး အလွန်အမင်းခြောက်သွေ့တာမျိုးတွေဖြစ်လာတတ်ပါတယ်။…

The-Big-Switcheroo-Skincare-Swaps-From-Winter-To-Summer_OI.jpg

နွေရာသီကာလ အသားရေထိန်းသိမ်းနည်း

အလွန်ပူပြင်းလှတဲ့နွေရာသီမှာလည်း အသားရေကို သေချာထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ အခန့်မသင့်ရင် အသားရေကို ဆိုးရွားသွားစေနိုင်ပါတယ်။ နူးညံ့ချောမွေ့တဲ့အသားရေအတွက် အခုလိုရာသီမျိုးမှာ အသားရေထိန်းသိမ်းတဲ့နည်းကို ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ ရေဓာတ်ဖြည့်ပေးပြီး နေရောင်ဒဏ်ကာကွယ်ပေးတဲ့အလှကုန်ပစ္စည်းတွေကို သုံးပေးဖို့ လိုလာပါပြီ။ အစိုဓာတ်ထိန်းပေးနိုင်မယ့် Moisturizer ကိုလည်း သုံးပေးနိုင်ပါတယ်။ နေရောင်ခြည်ကာကွယ်ပေးတဲ့…

9-3-2021-yyl-16.jpg

မိန်းကလေးတွေအတွက် ညပိုင်းအသားရေထိန်းသိမ်းနည်း

အသားရေထိန်းသိမ်းရတာကြိုက်တဲ့သူတွေအနေနဲ့ ညပိုင်းမှာ အသားရေထိန်းသိမ်းပေးရင် ပိုကောင်းပါတယ်။ ကျွန်မတို့ရဲ့အရေပြားဆဲလ်တွေက ညနေပိုင်းမှာ ပြန်လည်ပေါက်ဖွားလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ညပိုင်းမှာ အသားရေထိန်းသိမ်းမှုမလုပ်ဘူးဆိုရင် ဝက်ခြံပေါက်လွယ်တဲ့အသားရေဖြစ်လာတာအပြင် အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်လာပြီး အိုမင်းရင့်ရော်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ညပိုင်းမှာ အသားရေ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို အနည်းငယ်ပြောပြပေးချင်ပါတယ်။ မျက်နှာသန့်စင်ပေးပါ ညတိုင်း…

28-5-2020-yyl-030.jpg

မိန်းကလေးတိုင်း လိုက်နာသင့်တဲ့ ညပိုင်းအသားရေထိန်းသိမ်းနည်း

အသားရေလှပဖို့အတွက် ညပိုင်းမှာ အသားရေထိန်းသိမ်းရတာကလည်း မိန်းကလေးတွေအတွက် အရေးကြီးလှပါတယ်။ မိန်းကလေးတော်တော်များများက နေ့ဘက်မှာတင် အသားရေထိန်းသိမ်းဖြစ်ကြတာပါ။ တကယ်တော့ ညပိုင်းအသားရေထိန်းသိမ်းပေးတာက နေ့ဘက်ထက် အသားရေက အလှကုန်ပစ္စည်းမှာပါဝင်တဲ့အာဟာရဓာတ်တွေကို ပိုပြီးစုပ်ယူနိုင်ပါတယ်။ သင် အိပ်စက်နေစဉ်အတွင်းမှာတောင် အာဟာရဓာတ်တွေက ကောင်းကောင်းစိမ့်ဝင်နိုင်ပါတယ်။ သဘာဝအတိုင်း နူးညံ့ချောမောတဲ့အသားရေလေးဖြစ်ဖို့အတွက်…

7-5-2020-yyl-038.jpg

နွေရာသီမှာ ကြည့်ကောင်းနေစေဖို့ တစ်နေ့တာ အသားရေထိန်းသိမ်းနည်း

ကျွန်မတို့တွေက တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ မဖြစ်မနေ အသားရေကို ဂရုစိုက်ဖြစ်ကြမယ်ထင်ပါတယ်။ တချို့တွေက နွေရာသီရောက်လာတာနဲ့ အသားရေထိန်းသိမ်းဖို့အတွက် အလှကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ကြပါတယ်။ အလှကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ထားပေမဲ့ နေ့တိုင်းသင့်တင့်တဲ့ အသားရေထိန်းသိမ်းမှုမလုပ်ရင် အလကားပါပဲ။ နွေရာသီက ကျွန်မတို့ရဲ့အသားရေကို စိန်ခေါ်မှုတွေလုပ်နေတဲ့ရာသီပါ။ ပြင်းထန်တဲ့အပူချိန်ကို ကျွန်မတို့ရဲ့အသားရေကို…

19-3-2020-yyl-0018.jpg

မိတ်ကပ်ချစ်သူတွေ လိုက်နာသင့်တဲ့ အသားရေထိန်းသိမ်းနည်းတွေ

တချို့မိန်းကလေးတွေက မိတ်ကပ်လိမ်းရတာ ကြိုက်တဲ့အပြင် အသားရေထိန်းသိမ်းရတာကိုလည်း ကြိုက်ကြပါတယ်။ မိတ်ကပ်လိမ်းတာ ကြိုက်တယ်ဆိုရင် အသားရေကိုလည်း သေချာပေါက် ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အသားရေကြည်လင်လှပချင်တဲ့ မိတ်ကပ်ချစ်သူတွေက အသားရေထိန်းသိမ်းနည်းတချို့ကို လိုက်နာသင့်ပါတယ်။ အသားရေကို ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့အတွက် လိုက်နာရမယ့် အလှအပထိန်းသိမ်းနည်းတွေကတော့ မိတ်ကပ်ဖျက်တဲ့အခါ ညင်ညင်သာသာလေးဖျက်ပါ…