နွေရာသီကာလ အသားရေထိန်းသိမ်းနည်း

The-Big-Switcheroo-Skincare-Swaps-From-Winter-To-Summer_OI.jpg

အလွန်ပူပြင်းလှတဲ့နွေရာသီမှာလည်း အသားရေကို သေချာထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ အခန့်မသင့်ရင် အသားရေကို ဆိုးရွားသွားစေနိုင်ပါတယ်။ နူးညံ့ချောမွေ့တဲ့အသားရေအတွက် အခုလိုရာသီမျိုးမှာ အသားရေထိန်းသိမ်းတဲ့နည်းကို ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ ရေဓာတ်ဖြည့်ပေးပြီး နေရောင်ဒဏ်ကာကွယ်ပေးတဲ့အလှကုန်ပစ္စည်းတွေကို သုံးပေးဖို့ လိုလာပါပြီ။ အစိုဓာတ်ထိန်းပေးနိုင်မယ့် Moisturizer ကိုလည်း သုံးပေးနိုင်ပါတယ်။ နေရောင်ခြည်ကာကွယ်ပေးတဲ့ ခရင်မ်ကို လိမ်းပေးဖို့ကတော့ လုံးဝမမေ့သင့်ပါဘူး။ အသားရေပိုပြီးခြောက်သွေ့လာတာကို လျော့ချပေးနိုင်တဲ့၊ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Sunscreen ကို လိမ်းပေးသင့်ပါတယ်။

နွေရာသီအတွက် အသားရေထိန်းသိမ်းနည်းတချို့ကတော့

Sunscreen လိမ်းပေးပါ – Sunscreen ကတော့ နွေရာသီမှာ သင့်အတွက် အကောင်းဆုံးအဖော်မွန်ပါ။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ SPF 30-50 ရှိတဲ့ Sunscreen ကို ရွေးချယ်ပေးပါ။

မိတ်ကပ်လိမ်းတာကို လျော့ပါ – မျက်နှာမှာ မိတ်ကပ်အများကြီးလိမ်းတာကို ရှောင်ပါ။ Moisturiser ကို ပိုပြီး အသုံးပြုပေးပါ။

ရေများများသောက်ပါ – ရေကလည်း နွေရာသီမှာ အသားရေထိန်းသိမ်းဖို့အတွက် အရေးကြီးဆုံးပါပဲ။ ရေများများသောက်ပေးမယ်ဆိုရင် ရေဓာတ်ဆုံးရှုံးတာတွေမဖြစ်ဘဲ အသားရေကို နူးညံ့စိုပြေအောင် ထိန်းပေးပါတယ်။ ရေက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည် ဖယ်ရှားသန့်စင်ပေးပါတယ်။

အသားရေကို ပုံမှန်သန့်စင်ပေးပါ – အရေပြားဆဲလ်အသေတွေ ဖယ်ရှားဖို့အတွက် ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ အပူဒဏ်ကြောင့် ခြောက်သွေ့မှုက အသားရေမှာ ဖုန်မှုန့်တွေဖြစ်လာစေပါတယ်။ ဒါကြောင့် အပျော့စားမျက်နှာသစ်ဆေးနဲ့ ပုံမှန်သစ်ပေးတာက နွေရာသီမှာ အကောင်းဆုံးပါပဲ။

ကျန်းမာရေးနဲ့ညီညွှတ်စွာစားသုံးပါ – အသားရေအတွက် အန်တီအောက်စီဒန့်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် Collagen ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးပါတယ်။ အရွက်များတဲ့ဟင်းသီးဟင်းရွက်၊ အရည်ရွှမ်းတဲ့သစ်သီးတွေကို စားသုံးပေးသင့်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top