လာလီဂါပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာနိုင်တဲ့ ၁၅ နှစ်အရွယ် ကစားသမား

hotsport03.jpg

မာယော့ကာအသင်းရဲ့ အသက် ၁၅ နှစ်အရွယ် ကစားသမား လူကာရိုမီယိုဟာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။ ” မက္ကဆီကန် မက်ဆီ”လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ လူကာရိုမီယိုဟာ အသက် ၁၅ နှစ်၊ ၂၂၂ ရက် အရွယ်ရှိသူပါ။ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူကတော့ ၁၉၃၉ ခုနှစ်က ဆယ်တာဗီဂိုအသင်းနောက်ခံလူ ဆန်ဆွန်ဖြစ်ပြီး အသက် ၁၅ နှစ်၊ ၂၅၅ ရက်အရွယ်မှာ လာလီဂါပွဲဦးထွက် ကစားခွင့်ရခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့သူမရှိပါဘူး။ လူကာရိုမီယိုဟာ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မာယော့ကာအသင်း ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ပွဲကစားခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ လာမယ့်တစ်လအတွင်း ကစားမယ့်ပွဲစဉ်တွေမှာ ပါဝင်နိုင်မယ်ဆိုရင်လည်း နှစ် ၈၀ ကြာမြင့်နေတဲ့ စံချိန်ကို ချိုးဖျက်နိုင်မှာပါ။ မက္ကဆီကိုနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ရိုမီယိုဟာ အာဂျင်တီးနား ယူ-၁၇ အသင်းမှာ ကိုယ်စားပြု ပါဝင်ခဲ့ပေမဲ့ စပိန်အသင်းအတွက်လည်း ကစားခွင့်ရှိနေသူပါ။ အသက် ၃ နှစ်အရွယ်ကတည်းက စပိန်နိုင်ငံကို ရောက်ရှိလာပြီး မာယော့ကာကျွန်းမှာ နေထိုင်ခဲ့တဲ့ ရိုမီယိုဟာ တစ်လလုပ်ခ ၈၉၃ ပေါင် ရရှိနေသူပါ။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top