COVID-19 ရောဂါကနေ သက်သာလာတဲ့ ၈၆ နှစ်အရွယ် ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ ဝက်စ်ဟမ်းနည်းပြ မိုရက်စ်

hotsports03.jpg

COVID-19 ရောဂါကနေ ပြန်လည်သက်သာလာတဲ့ အသက် ၈၆ နှစ်အရွယ် ပရိသတ်တစ်ယောက်ကို ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်စ်က ဖုန်းဆက်ပြီး အံ့အားသင့်အောင် လုပ်ခဲ့ပါတယ်။ အိုင်းရစ်လို့ အမည်ရတဲ့ အမျိုးသမီးကြီးဟာ ဝက်စ်ဟမ်းအသင်းကို နှစ် ၇၀ ကျော် အားပေးလာခဲ့သူဖြစ်ပြီး အခုချိန်မှာတော့ ရောဂါသက်သာလာလို့ အိမ်မှာ အနားယူနေသူပါ။

” မိုရက်စ်က အရမ်းကောင်းတယ်။ ကျွန်မ ဗိုင်းရပ်စ်ကူးခံရတာသိလို့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ လှမ်းပြီး သတင်းမေးခဲ့တာပါ။ ကျွန်မ ဘယ်လိုခံစားခဲ့ရလဲ၊ ဘယ်လိုရင်ဆိုင်ခဲ့လဲလို့ သူမေးတယ်။ ကျွန်မက စိတ်ဓာတ်ကြံ့ခိုင်လို့ ကျော်ဖြတ်နိုင်ခဲ့တာလို့ သူ ပြောတယ်။ ဘောလုံးပွဲတွေ ပြန်စတဲ့အခါ ကျွန်မကို အိမ်တိုင်ရာရောက် လာကြိုပြီး ဘောလုံးကွင်းထဲ ခေါ်သွားမယ်၊ ပွဲပြီးရင် လိုက်ပို့ပေးမယ်လို့ သူပြောလိုက်တော့ ကျွန်မ အံ့အားသင့်သွားတယ်။ အရိုးသားဆုံးပြောရရင် မှင်သက်သွားခဲ့ပါတယ်။ ဘာပြန်ပြောရမှန်း မသိဘူး။ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်” လို့ အိုင်းရစ်က ပြောပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တတ်နိုင်သမျှ အစောဆုံးထားပြီး ပြန်လည်စတင်နိုင်ဖို့ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ပွဲတွေကို ကွင်းပိတ်ကစားမှာဖြစ်ပြီး ရုပ်သံကနေ ပြသမှာဖြစ်လို့ ပရိသတ်တွေ ကွင်းထဲပြန်လာနိုင်ဦးမှာမဟုတ်သေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top