ပြိုင်ပွဲဝင်တိုင်း အနည်းဆုံး ပေါင် ၄၅၀၀၀ ရမယ့် ဝင်ဘယ်ဒန်အိုးပင်းတင်းနစ်ပြိုင်ပွဲ

58818480_2355078151189758_4456229290601611264_n.jpg

၂၀၁၉ ခုနှစ် ဝင်ဘယ်ဒန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဆုကြေးငွေပမာဏကို (၁၁.၈) ရာခိုင်နှုန်းတိုးမြှင့်ခဲ့လို့ တစ်ယောက်ချင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင် (၁၂၈) ယောက်လုံး အနည်းဆုံး ပေါင် ၄၅၀၀၀ အထိ ရရှိမှာဖြစ်ပါတယ်။

တိုးမြှင့်လိုက်တဲ့ဆုကြေးငွေအရ ဝင်ဘယ်ဒန်အိုးပင်း တင်းနစ်ပြိုင်ပွဲတစ်ရပ်လုံးမှာ ပေါင် (၃၈) သန်းအထိ ဆုကြေးပေးအပ်သွားမှာပါ။ ဒီနှစ်အတွက် တစ်ယောက်ချင်းပြိုင်ပွဲမှာ ဗိုလ်စွဲသူတွေ(အမျိုးသား၊ အမျိုးသမီး)က ပေါင် (၂.၃၅) သန်းစီ ရရှိမှာပါ။ ဆုကြေးငွေတွေ တိုးမြှင့်လိုက်ပေမဲ့ အစောပိုင်းအဆင့်မှာ ရှုံးနိမ့်သူတွေကို ဆုကြေးငွေ အဓိကတိုးပေးခဲ့တာပါ။ နှစ်ယောက်တွဲပြိုင်ပွဲအတွက်လည်း ဆုကြေးငွေ (၆.၂) ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုပြိုင်ပွဲမှာ ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး ပါမလား၊ မပါဘူးလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အန်ဒီမာရေးဟာ တင်ပါးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသူဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top