ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကို တစ်ရက်၊ ၄ ပွဲ ကစားမယ်

16-7-2020-yyl-008.jpg

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေကို တစ်ရက်၊ ၄ ပွဲ ကစားမယ်လို့ ဖီဖာက ကြေညာခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေကို ၁၂ ရက်ကြာ ကစားမှာဖြစ်ပေမဲ့ ဘယ်ပွဲစဉ်ကို ဘယ်ကွင်းမှာ ကစားမလဲဆိုတာကတော့ ၂၀၂၂ ခုနှစ်၊ မတ်လမှာ နောက်ဆုံးအဆင့် မဲခွဲမှုမလုပ်ခင် ကြေညာဦးမှာမဟုတ်ပါဘူး။

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ ပထမအဆင့် (၂)ဆင့် ပွဲစဉ်တွေကို မိုင် ၄၀ ပဲ ကွာဝေးတဲ့ ကွင်း(၈)ကွင်းမှာ ကစားမှာဖြစ်ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ၊ ၄ နာရီ၊ ည ၇ နာရီ၊ ၁၀ နာရီ အချိန်တွေမှာ( ကာတာစံတော်ချိန်မှာ မြန်မာစံတော်ချိန်ထက် ၃ နာရီခွဲနောက်ကျသည်။ ဥပမာ- ကာတာစံတော်ချိန် မွန်းလွဲ ၁ နာရီထိုးချိန်တွင် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲရှိပြီဖြစ်သည်)။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် ပရိသတ် ၆၀၀၀၀ ဆံ့သည့် အယ်ဘတ်ဘောလုံးကွင်း၌ ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာလ ၁၈ ရက်တွင် ဒိုဟာမြို့ရှိ ပရိသတ် ၈၀၀၀၀ ဆံ့သည့် လူဆေးကွင်းတွင် ကစားမည်ဖြစ်သည်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top