သုံးခွင့်မရှိတဲ့ ကစားသမားကို ထည့်သုံးမိလို့ ၃ ဂိုးပြတ်အရှုံး သတ်မှတ်ခံခဲ့ရတဲ့ ရိုးမား

23-9-2020-yyl-017.jpg

ရိုးမားအသင်းဟာ ဗီရိုနာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ စီးရီးအေအဖွင့်ပွဲစဉ်မှာ သုံးခွင့်မရှိတဲ့ ကစားသမားတစ်ယောက် ထည့်သွင်းကစားခိုင်းမိလို့ ၃ ဂိုးပြတ် အရှုံးရလဒ် သတ်မှတ်ခံခဲ့ရပါတယ်။ ဂီနီကွင်းလယ်လူ အမာဒူဒီယာဝါရာက ပြီးခဲ့တဲ့ဇူလိုင်လမှာ အသက် ၂၃ နှစ် ပြည့်ခဲ့ပေမဲ့ ရိုးမားအသင်းက သူ့ကို အသက် ၂၂ နှစ်အောက် ကစားသမားစာရင်းမှာ မှားယွင်းထည့်သွင်းမိခဲ့တာပါ။ ဒီယာဝါရာဟာ စီးရီးအေဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားတဲ့ ရိုးမားအသင်းရဲ့ ကစားသမား ၂၅ ဦးစာရင်းမှာ မပါဝင်ပါဘူး။ စီးရီးအေအဖွဲ့ချုပ်ထံ တင်ပြထားတဲ့ ကစားသမား ၂၅ ဦးစာရင်းမှာ မပါဝင်ပေမဲ့ အသက် ၂၂ နှစ်အောက် ကစားသမားဆိုရင်တော့ ထည့်သွင်းအသုံးပြုခွင့်ရှိပါတယ်။

ဒါပေမဲ့ ဒီယာဝါရာက အသက် ၂၂ နှစ်လည်း ကျော်နေတဲ့အတွက် ရိုးမားအသင်းကို စီးရီးအေအဖွဲ့ချုပ်က ၃ ဂိုးပြတ် အရှုံးရလဒ် သတ်မှတ်ခဲ့တာပါ။ ရိုးမားကတော့ အဲဒီပြစ်ဒဏ်အတွက် အယူခံဝင်သွားမယ်လို့ Sky Sports Italia သတင်းဌာနက ဖော်ပြပါတယ်။ သူတို့အသင်းရဲ့ ကစားသမားစာရင်းကို တင်ပြချိန်မှာ ဒီယာဝါရာရဲ့အသက်နဲ့ပတ်သက်ပြီး မှားယွင်းနေတဲ့အချက်ကို ထောက်ပြပေးသင့်တယ်လို့ ရိုးမားအသင်းက စောဒကတက်ခဲ့ပါတယ်။ ပွဲကြီးကြပ်ခွင့်ပိတ်ပင်ခံထားရတဲ့ ဗီရိုနာနည်းပြ အိုင်ဗန်ဂျူရစ်ကလည်း ရိုးမားနဲ့ပွဲစဉ်မှာ ပွဲကြည့်စင်ကနေ သူ့အသင်းကို ညွှန်ကြားခဲ့တဲ့အတွက် ယူရို ၅၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

Nz ( ရိုးရလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top