“VFEmail” Email ဝန်ဆောင်မှုလုပ်ငန်းရဲ့ အမေရိကန်ကဆာဗာတွေကို Hacker များတိုက်ခိုက်

52002805_773764236337889_2904718882302328832_o.jpg

ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၁၁) ရက်နေ့က Hacker တွေဟာ “VFEmail” Email ဝန်ဆောင်မှုလုပ်ငန်း ရဲ့ အမေရိကန်ကဆာဗာတွေကို တိုက်ခိုက်ခဲ့ပြီး ကုမ္ပဏီဝက်ဘ်ဆိုဒ်၊ Client Email နဲ့ Customers တွေရဲ့ Data တွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ တိုက်ခိုက်သူတွေက ဆာဗာရဲ့ Harddisk တွေကိုလည်း Format ရိုက်ပစ်ခဲ့ပါတယ်။

ကုမ္ပဏီက သူတို့ရဲ့ VM တွေ၊ ဖိုင်ဆာဗာတွေနဲ့ Backup အတွေအားလုံးပါသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Customer တွေရဲ့ Email တွေပြန်ရရေးအတွက် ကုမ္ပဏီကေ အသည်းအသန် ကြိုးပမ်းနေဆဲပါ။ Company Domain နှင့် ဝက်ဘ်ဆိုဒ်ကတော့ ပြန်တက်လာခဲ့ပြီး ကျန်ရှိနေသေးတဲ့ Secondary Domain ကအခုချိန်ထိ Down နေပါသေးတယ်။ Customer တွေရဲ့ Inbox တွေထဲမှာတော့ Email တစ်စောင်မှ မရှိတော့ပါဘူး။

VFEmail ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအနေနဲ့တော့ Email တွေပျောက်သွားတာနှင့်ပတ်သက်ပြီး အကြောင်းပြချက်တစ်စုံတရာ မထုတ်ပြန်သေးတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ကုမ္ပဏီတစ်ခုလုံးရဲ့ Data ကိုဖျက်ဆီးပျက်တဲ့တိုက်ခိုက်မှုမျိုးက အင်မတန်မှအဖြစ်နည်းပြီး အဖြစ်များတာကတော့ Hacker တွေက Server တွေထဲ Malware တွေထည့်ပြီး ငွေညှစ်တာမျိုးပါ။ ရိုးရာလေးစာဖတ်ပရိသတ်တွေကိုလည်း ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စနစ်တကျ Backup လုပ်ပြီးမှ သိမ်းဆည်းကြဖို့အကြံပေးလိုက်ပါရစေ။

Ref: ZDNET.com “Hackers wipe US servers of email provider VFEmail”
WC (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top