အိပ်ရေးဝဝ အိပ်စက်ခြင်းမှာ အကောင်းဆုံးဆေးဝါးဖြစ်

hot8.jpg

ညအချိန်မှာ အိပ်ရေးဝဝ အိပ်စက်ရရင် သွေးဖြူဥတွေရဲ့ တိုက်ခိုက်နိုင်စွမ်း တိုးတက်လာပြီး ကိုယ်ခံအား ပိုကောင်းစေတယ်လို့ ဂျာမန်သုတေသီတွေက ဆိုပါတယ်။ အိပ်မပျော်တဲ့အခါ စိတ်ဖိစီးမှုဖြစ်စေတဲ့ အက်ဒရီနယ်လင် (Adrenaline) လို ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာပြီး ကိုယ်ခံအားစနစ် နှေးကွေးစေပါတယ်။

ကင်ဆာဖြစ်စေနိုင်တဲ့ အကျိတ်တွေ ကြီးထွားလာတာ၊ ငှက်ဖျားရောဂါ ကူးစက်ခံရတာ၊ စိတ်ဖိစီးမှု ခံစားရတာ စတဲ့အခြေအနေတွေဟာ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်မှု လျော့ကျသွားတာနဲ့ ဆက်နွယ်နေပါတယ်။

အိပ်မပျော်တဲ့သူတွေဟာ ကိုယ်ခံအားစနစ် အားနည်းသွားပြီး စိတ်ဖိစီးမှုနဲ့ စိတ်ကျဝေဒနာ ကာလရှည်ခံစားရတာမျိုး ကြုံရနိုင်ပါတယ်။ ဂျာမနီနိုင်ငံ တူဘင်ဂျန်တက္ကသိုလ်က သုတေသီတွေဟာ T-cell ( ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်တုံ့ပြန်မှုမှာ အဓိကကျပြီး ခန္ဓာကိုယ်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ ဆဲလ်တွေကို ခွဲခြားချေမှုန်းပေးတဲ့ သွေးဖြူဥတစ်မျိုး) တွေကို အဓိကအာရုံစိုက် လေ့လာခဲ့ကြပါတယ်။ အိပ်ရေးဝဝ အိပ်စက်ထားသူ (၁၀) ဦးရဲ့ T-cell တွေကို ညအချိန်ကျရင် ကောင်းကောင်းမအိပ်စက်သူတွေရဲ့ T-cell တွေနဲ့ ခိုင်းနှိုင်းပြီး သုတေသနလုပ်ခဲ့ကြတာပါ။

T-cell တွေဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဆဲလ်တစ်မျိုးမျိုး တွေ့ရတဲ့အခါ စေးကပ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုး ထုတ်လုပ်ပေးခဲ့ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆဲလ်ကို ချေမှုန်းပေးပါတယ်။ အိပ်ရေးဝဝ အိပ်စက်ရတဲ့အခါ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲမှာရှိတဲ့ ဆဲလ်တွေက သူတို့ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်း မြင့်တက်လာတယ်လို့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top