မန်ယူနဲ့ စာချုပ်သက်တမ်းတိုးဖို့ တာဟစ်ချောင် ငြင်းဆန်လို့ သတင်းထွက်

yyl-5.jpg

မန်ယူလူငယ်ကစားသမား တာဟစ်ချောင်ဟာ ပေါ့ဘာရဲ့ ခြေရာနင်းပြီး ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ အီတလီမီဒီယာတစ်ခုက ဖော်ပြပါတယ်။ အသက် ၁၉ နှစ်ရှိတဲ့ တာဟစ်ချောင်ဟာ လာမယ့်ဇွန်လကျရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ သူ့အနေနဲ့ တခြားအသင်းမှာ စိန်ခေါ်မှုအသစ် ရှာဖွေချင်လို့ မန်ယူနဲ့ စာချုပ်သစ် မချုပ်တော့ဘူးလို့ တာဟစ်ချောင်က ပြောခဲ့တဲ့အကြောင်း အီတလီမီဒီယာ Calciomercato က ဖော်ပြပါတယ်။

တာဟစ်ချောင်ဟာ ဒီရာသီမှာ အသင်းကြီးအတွက် (၄)ပွဲပဲ ကစားခွင့်ရခဲ့ပြီး နောက်ဆုံးပါဝင်ခွင့်ရတဲ့ပွဲကတော့ အောက်တိုဘာလ ၆ ရက်နေ့က နယူးကာဆယ်ကို ရှုံးခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ မန်ယူဟာ ၂၀၁၆ ခုနှစ်မှာ ချဲလ်ဆီးထက် လက်ဦးမှုရယူပြီး ဖီယင်နုကနေ တာဟစ်ချောင်ကို ခေါ်ခဲ့တာပါ။ မန်ယူဟာ အရင်တုန်းကလည်း ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ဂျူဗင်တပ်ထံ ပြောင်းရွှေ့ခွင့်ပေးခဲ့ရဖူးပြီး နောက်ပိုင်းမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)ပေါင် ၈၉ သန်းနဲ့ ပြန်ခေါ်ခဲ့ရပါတယ်။ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရာမှာ နာမည်ကြီးတဲ့ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ခါဒီရာ၊ ဒန်နီအဲလ်ဗက်စ်၊ ရမ်ဆေး စတဲ့ ကစားသမားတွေကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top