လေထုအရည်အသွေး ဆိုးရွားပြီး မိုးရွာသွန်းလို့ သြစတြေးလျအိုးပင်းပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲကို ရွှေ့ဆိုင်း

yyl-035-6.jpg

သြစတြေးလျနိုင်ငံမှာ တောမီးလောင်ကျွမ်းနေလို့ လေထုအရည်အသွေး ဆိုးရွားပြီး မိုးရွာသွန်းခဲ့တဲ့အတွက် သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ လေထုအရည်အသွေးက ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ သတ်မှတ်ခဲ့ရတဲ့အတွက် အစောပိုင်းမှာ လက်ရည်စစ်ပွဲတွေ စတင်မယ့်အချိန်ကို ၃ နာရီကြာ ဆိုင်းငံ့ခဲ့ပါတယ်။

လက်ရည်စစ်ပွဲတွေကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီအချိန်မှာ စတင်ခဲ့ပေမဲ့ မိုးသည်းသည်းမဲမဲ ရွာသွန်းခဲ့လို့ တစ်ရက်ကြာ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာတော့ မဲလ်ဘုန်းမြို့ရဲ့ လေထုအရည်အသွေးက အလယ်အလတ်အဆင့်ရှိတယ်လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒီနေ့ညပိုင်းမှာတော့ ရော်ဂျာဖက်ဒါရာ၊ ရာဖေးလ်နာဒယ်၊ ဆရီနာဝီလျံတို့လို တင်းနစ်အကျော်အမော်တွေ ပါဝင်မယ့် သရုပ်ပြပွဲ ကစားမှာဖြစ်ပြီး Rally for Relief သရုပ်ပြပွဲကနေ ရလာတဲ့ ငွေကြေးတွေကို သြစတြေးလျတောမီး ပြန်လည်ထူထောင်ရေးရန်ပုံငွေထဲကို ထည့်ဝင်လှူဒါန်းသွားမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top