စတာလင်ကို ချန်ခဲ့တဲ့ နည်းပြဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို အင်္ဂလန်ကစားသမားတွေ တုန်လှုပ်

yyl-2.jpg

အင်္ဂလန်အသင်းရဲ့ စိန့်ဂျော့ပတ်ခ်လေ့ကျင့်ရေးကွင်း ကန်တင်းမှာ အသင်းဖော် ဂျိုးဂိုမက်ဇ်ကို ဒေါသတကြီးနဲ့ ဂုတ်ဆွဲခဲ့တဲ့ တောင်ပံကစားသမား စတာလင်ကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်က မွန်တီနီဂရိုးနဲ့ပွဲစဉ် လူစာရင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ စတာလင်နဲ့ ဂျိုးဂိုမက်ဇ်တို့ဟာ လီဗာပူး-မန်စီးတီးပွဲစဉ်မှာကတည်းက ပြဿနာဖြစ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ လူစားဝင်ကစားသမား ဂျိုးဂိုမက်ဇ်နဲ့ စတာလင်တို့ တွန်းလားဆွဲလား အခြေအနေဖြစ်ခဲ့ပြီး နှစ်ဖက်အသင်းဖော်တွေက ဝိုင်းဝန်းဖြန်ဖျေခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က စိန့်ဂျော့ပက်ခ်လေ့ကျင့်ရေးကွင်း ကန်တင်းကို စတာလင် ရောက်ရှိလာချိန်မှာ ဂျိုးဂိုမက်ဇ်က ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပေမဲ့ စတာလင်က ဒေါသတကြီး တုံ့ပြန်ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။ အစောပိုင်းမှာ အင်္ဂလန်အသင်းဖော်တွေက စတာလင် နောက်နေတာလို့ ထင်ခဲ့ပေမဲ့ အခြေအနေမှန်ကို ရိပ်စားမိသွားလို့ သူတို့(၂)ယောက်ကို လူခွဲခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဂျိုးဂိုမက်ဇ်ရဲ့ ညာဘက်မျက်လုံးအောက်မှာ လက်သည်းနဲ့ကုတ်မိသွားခဲ့တာ တွေ့ရပါတယ်။

အင်္ဂလန်ဟာ လာမယ့်ကြာသပတေးနေ့မှာ မွန်တီနီဂရိုးအသင်းနဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲ ကစားရမှာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်အပြီးမှာတော့ နည်းပြဆောက်ဂိတ်က စတာလင်ကို မွန်တီနီဂရိုးနဲ့ ကစားရမယ့် အင်္ဂလန်အသင်း ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာပါ။ စတာလင်ကို ကစားသမားစာရင်းကနေ ချန်လှန်ခဲ့တဲ့ နည်းပြဆောက်ဂိတ်ရဲ့လုပ်ရပ်ဟာ အလွန်အကျွံတုံ့ပြန်မှုတစ်ရပ် ဖြစ်နေတယ်လို့ အင်္ဂလန်ကစားသမားတွေက ယူဆနေကြပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ဂျိုးဂိုမက်ဇ်နဲ့ စတာလင်တို့ ၂ ယောက်စလုံးကို ဖုန်းဆက်ပြီး ပြဿနာကို မျက်နှာချင်းဆိုင် ဖြေရှင်းကြဖို့ တိုက်တွန်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top