မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးကောင်းမွန်တဲ့ ဆေးတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကြေညာ
ရန်ကုန်၊ ဇူလိုင် (၂၉) မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ အာနိသင်ထက်မြက်ကာ ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးကောင်းမွန်တဲ့ ဆေးတွေဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မှာကြေညာလိုက်ပါတယ်။ မိဘပြည်သူတွေအနေနဲ့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ၊ ကောလာ ဟလသတင်းတွေကို မယုံကြည်ကြဘဲ မိမိအတွက်ရရှိတဲ့…