Fantastic Beasts 3 မှာ ဂျွန်နီဒက်ပ်အစား သရုပ်ဆောင်ဖို့ ရွေးချယ်ခံလိုက်ရတဲ့ မတ်စ်မစ်ကယ်ဆန်

26-11-2020-yyl-012.jpg

ဒိန်းမတ်သရုပ်ဆောင်မင်းသား မတ်စ်မစ်ကယ်ဆန် (Mads Mikkelson) ဟာ Fantastic Beasts တတိယမြောက်ဇာတ်ကားမှာ ဂျွန်နီဒက်ပ်အစား ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံလိုက်ရပါပြီ။ မတ်စ်မစ်ကယ်ဆန် ရွေးချယ်ခံလိုက်ရကြောင်းကို Warner Bros က မနေ့က ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ သတင်းစာတိုက်ကို တရားစွဲဆိုခဲ့တဲ့ အမှုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ဇာတ်ကားကနေ ဂျွန်နီဒက်ပ် ထုတ်ပယ်ခံလိုက်ရတာကြောင့် မတ်စ်မစ်ကယ်ဆန်က အစားထိုးဝင်ရောက်လာခဲ့တာပါ။ အသက် (၅၅) နှစ်အရွယ် ဒိန်းမတ်မင်းသား မစ်ကယ်ဆန်ကို အမေရိကန်တီဗီစီးရီး Hannibal မှာ ကွင်းဆက်လူသတ်သမား ဟန်နီဘယ် လက်တာ (Hannibal Lecter) ဆိုတဲ့ဇာတ်ရုပ်နဲ့ သိခဲ့ကြတာပါ။

အခုဆိုရင် သူဟာ Fantastic Beasts 3ရဲ့ Gellert Grindelward ဇာတ်ကောင်နေရာမှာ ပါဝင်ရတော့မှာဖြစ်ပါတယ်။ အခုလအစောပိုင်းမှာ ဂျွန်နီဒက်ပ် ဇာတ်ကားကနေ နှုတ်ထွက်ပြီးတဲ့နောက်မှာ Gellert Grindelward ဇာတ်ကောင်နေရာကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားကို လန်ဒန်မြို့မှာ စတင်ရိုက်ကူးနေခဲ့ပြီး ဂျွန်နီဒက်ပ်တောင် ဇာတ်ဝင်ခန်းတချို့မှာ ပါဝင်သရုပ်ဆောင်ပြီးသွားခဲ့ပါပြီ။ ဒါပေမဲ့ အခုလအစောပိုင်းမှာတော့ ပရိသတ်တွေ မမျှော်လင့်မထားတဲ့ ဒီဇာတ်ကားမှာ ဂျွန်နီဒက်ပ်မဝင်ဖြစ်တော့တဲ့သတင်း ထွက်ရှိခဲ့ပါတယ်။ ဂျွန်နီဒက်ပ်ကိုယ်တိုင်ကလည်း Warnar Bros က သူ့ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ထုတ်ပြောခဲ့တာပါ။

မစ်ကယ်ဆန်က အက်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Doctor Strange နဲ့ Casino Royale တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ဒိန်းမတ်ဇာတ်ကားတွေဖြစ်တဲ့ The Hunnt နဲ့ A Royal Affair တို့မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ကပ်ရောဂါနဲ့ ဂျွန်နီဒက်ပ်နှုတ်ထွက်မှုတွေကြောင့် Fantastic Beasts 3 ဇာတ်ကားရိုက်ကူးမှု ကြံ့ကြာခဲ့ရတဲ့အတွက် ဒီဇာတ်ကားရုံတင်ပြသမယ့်ရက်ကို ၂၀၂၂ခုနှစ် ဇူလိုင်လအထိ နောက်ဆုတ်ခဲ့ရပါတယ်။ Fantastic Beasts ကို (၅) ကားမြောက်ထိ ရိုက်ကူးဖို့ စီစဉ်ထားပြီး အရင်ထွက်ရှိခဲ့တဲ့ (၂) ကားကလည်း ဝင်ငွေ ကန်ဒေါ်လာ ၁.၅ ဘီလျံရရှိခဲ့ကာ အောင်မြင်ခဲ့ပါတယ်။

Ref: AsiaOne “Mads Mikkelsen to replace Johnny Depp in next Fantastic Beasts movie”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top