ကိုယ့်ကိုယ်ကိုယ် ချစ်ပါ

2-6-2020-yyl-041.jpg

ချစ်ခြင်းမေတ္တာက အမျိုးမျိုး ရှိပါတယ်။ ဒီလို ချစ်ခြင်းမေတ္တာတွေထဲမှာ လူတိုင်း မေ့နေတတ်တာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ အခြားသူတွေကို ချစ်တာကကောင်းပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တာက အကောင်းဆုံးသော အရာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မမေ့ပါနဲ့

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းကြောင့်

အရေးပါတဲ့ သူတစ်ယောက်ဖြစ်လာစေတယ်

လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ဖြစ်ဖြစ်၊ မိဘတစ်ဦး အနေနဲ့ဖြစ်ဖြစ်၊ အိမ်ထောင်ဦးစီး တစ်ယောက်၊ ဇနီးမယားတစ်​ယောက် အနေနဲ့ ဖြစ်ဖြစ် ကိုယ်ကျရာနေရာမှာ တန်ဖိုးရှိပြီး အရေးပါတဲ့ လူတစ်ယောက် ဖြစ်စေဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင် အခြားသူဆီကနေ ချစ်ခြင်းကို မရနိုင်သလို အရေးစိုက်မှု ကိုလည်း မရနိုင်ပါဘူး။ အရင်ဆုံး ကိုယ့်မှာ ရှိနေတဲ့ လိုအပ်ချက်ကို ဆန်းစစ် ကိုယ့်ကိုယ်ကိုယ် ချစ်ခင်တန်ဖိုးထားတဲ့အနေနဲ့ ကိုယ့်မှာ လိုအပ်နေတာကို ဖြည့်ဆည်းလိုက်မယ်ဆိုရင် အခြားသူတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်လိုက်ရာ ကျသလို အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ ပျိုးထောင်လိုက်တာပါ။

ယုံကြည်မှု တိုးစေတယ်

လူတစ်ယောက် ယုံကြည်မှုတွေနဲ့ ပြည့်ဝနေတာက သူ့ကိုယ်သူ ချစ်တာကနေ ပေါက်ဖွားလာတဲ့ အားအင်တွေကို ပိုင်ဆိုင်ထားတာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်တဲ့အခါ ယုံကြည်မှုက အလိုလို မြင့်တက် လာပါတယ်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေရခြင်းရဲ့ အဓိက အကြောင်းတရားက ကိုယ့်ကိုယ့်ကိုယ် ချစ်ဖို့ မေ့နေတာ​ကြောင့်ပါ။

လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်မယ်။ ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်သည်အထိ ရဲရင့်မယ် ဆိုရင် သေချာတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်ဆိုတာပါ။ အရာရာကို ယုံကြည်မှုရှိရှိ လုပ်နေသူတိုင်းကို ကြည့်လိုက် သူတို့ကိုယ်သူတို့ ချစ်ဖို့ မေ့မနေကြတာ တွေ့ရပါလိမ့်မယ်။

အရာရာ အဆင်ပြေလာလိမ့်မယ်

ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်တဲ့အခါ အရာရာက လွယ်ကူ အဆင်ပြေ လာပါလိမ့်မယ်။ အလုပ်လုပ်တာကစလို့ နေ့စဉ် ဘဝ ဖြတ်သန်းမှုတိုင်း မှာရောပေါ့။ ဘာက အဓိကကျတယ်၊ ဘာက နောက်မှလုပ်လို့ရတယ်။ ဘယ်အရာကတော့ ကောင်းတယ်၊ ဘယ်အရာကတော့ မကောင်းဘူး ဆိုတာကို သေချာ မြင်လာပါလိမ့်မယ်။

နေ့ရက်တိုင်းကို အဆင်ပြေပြေ ဖြတ်သန်းချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ပါနဲ့။

ကြံ့ကြံ့ခံနိုင်စွမ်း တိုးလာမယ်

စိတ်ဓာတ် ခဏခဏကျတာ စိတ်ဖိစီးပြီး စိတ်အလိုမကျမှု များတာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေတာကြောင့်ပါ။ အရာရာကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စေဖို့က အခြားသူတွေဆီကနေ ချီးကျူးသံတွေ ကြားရဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပဲ လိုတာပါ။ ကိုယ်တိုင် ပျော်ရွှင်မှုအတွက် တာဝန်အရှိဆုံးက ကိုယ်ကိုယ်တိုင်ဆိုတာ မမေ့ပါနဲ့။

ပိုပြီး ပျော်ရွှင်လာမယ်

ကိုယ့်ကိုယ်ကိုယ် ချစ်တာက ပျော်ရွှင်စွာ ဘဝနေထိုင်နည်းတွေထဲက တစ်ခုပါ။ ပျော်ရွှင်နေတဲ့သူတိုင်းက သူတို့ကိုယ်သူတို့ ချစ်ဖို့ မေ့မနေကြပါဘူး။ အတွင်းစိတ်မှာ ​ကြည်လင်ပျော်ရွှင်နေမှုက သင့်ဆီကို ကောင်းမွန် စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ရောက်လာစေဖို့ ဖိတ်ခေါ်ပေး နိုင်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top