အဲဗာတန်ကွင်းလယ်လူ ဘာကလေ ချဲလ်ဆီးကို အပြီးသတ်ပြောင်းရွှေ့

DSytE1XX4AIyOsL.jpg

ချဲလ်ဆီးအသင်းဟာ အဲဗာတန် ကွင်းလယ်လူဘာကလေကိုပြောင်းရွေကြေးပေါင် ၁၅ သန်းအပြင် အခြားအပိုဆုကြေးပေးပြီး အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ်ရှိ ဘာကလေဟာ ချဲလ်ဆီးနဲ့ ၅ နှစ်ခွဲစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ဂျာစီနံပတ် ၈ ကို ဝတ်ဆင်မှာဖြစ်ပါတယ်။

ဘာကလေနဲ့ အဲဗာတန်ရဲ့စာချုပ်က ရာသီကုန်ရင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် အနေအထားမှာ အဲဗာတန်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး ချဲလ်ဆီး ကို ပြောင်းခဲ့တာဖြစ်ပါတယ်။ ဘာကလေက “ ရှေ့လျှောက် ခြေစွမ်းပြနိုင်ဖို့ ကျွန်တော် အာရုံစိုက်ထားတယ်။ ချဲလ်ဆီးကို ပြောင်းခွင့်ရလို့ စိတ်လှုပ်ရှားရတယ်။ ပွဲတွေမှာ ခြေစွမ်း ပိုမိုကောင်းလာဖို့နဲ့ ဂိုးတွေ သွင်းယူနိုင်ဖို့ မျှော်လင့်ထားတယ်၊ ချဲလ်ဆီးလိုအသင်းသစ် တသင်းမှာ စတင်ကစားနိုင်တော့မယ့်အတွက် မယုံကြည်နိုင်အောင်ဖြစ်ရတယ်။” လို့ပြောပါတယ်။

ဘာကလေဟာ အင်္ဂလန် လက်ရွေးစင် အတွက်ပွဲပေါင်း ၂၂ ပွဲ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Skysports : Barkley completes Chelsea transfer from Everton

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top