၈ ခု မြောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို တရားဝင်ပိုင်ဆိုင်ခဲ့ပြန်တဲ့ BLACKPINK အဖွဲ့ဝင် လီဆာ

28.9.23-yyl-8.jpg

ကမ္ဘာကျော်အဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် လီဆာဟာ ၈ ခုမြောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို တရားဝင်ပိုင်ဆိုင်သွားခဲ့ပြန်ပါပြီ။ သူ့ရဲ့တစ်ကိုယ်တော်သီချင်း “Money” ဟာ Spotify မှာ Stream တဲ့သူ ၁ ဘီလျံရှိသွားတာကြောင့် ဒီစံချိန်ကို ချိုးခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက စက်တင်ဘာ ၂၇ ရက်နေ့မှာ အတည်ပြုပေးခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ တစ်ကိုယ်တော်အနေနဲ့ ထွက်ရှိခဲ့တဲ့ လီဆာရဲ့ “LALISA” သီချင်းအယ်လ်လမ်ထဲက “Money” သီချင်းဟာ စက်တင်ဘာ ၂၁ ရက်နေ့က Spotify မှာ Stream တဲ့သူ ၁ ဘီလျံရှိသွားခဲ့တာပါ။ ဒါကြောင့် လီဆာက Spotify မှာ Stream တဲ့သူ ၁ ဘီလျံရရှိခဲ့တဲ့ ပထမဆုံး ကေပေါ့ပ်တစ်ကိုယ်တော်အဆိုရှင်အဖြစ် စံချိန်ချိုးခဲ့တာပါ။ ဒီသီချင်းက Billboard Hot 100 ဇယားမှာလည်း နံပါတ် ၉၀ နေရာမှာ ရှိနေပါတယ်။

လီဆာက ဒီစံချိန်အပါအဝင် ကမ္ဘာ့ဂင်းနက်စ်စံချိန် ၈ ခုအထိ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ဒီစံချိန် ၈ ခုကတော့

၁ Most Viewed K Pop Solo YouTube MV in 1 day (LALISA MV)

၂ Most Viewed Solo Youtube MV in 1 day (LALISA MV)

၃ Most Followed K Pop Idol on Instagram

၄ First Solo K Pop Winner at MTV’s VMA award

၅ First Solo K Pop Winner at MTV’s EMA award

၆ Fastest solo K-pop Female artist to reach 1B streams on Spotify (411 days)

၇ 1st ALBUM by a solo K-pop artist to reach 1B streams on Spotify (2 tracks)

၈ First K Pop Solo Track getting 1 billion Streams on Spotify – Money

လီဆာက တစ်ကိုယ်တော်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ ၃ နှစ်အတွင်း ဒီကမ္ဘာ့ဂင်းနက်စ်စံချိန် ၈ ခုကို သိမ်းပိုက်နိုင်ခဲ့တာပါ။

Ref: BLACKPINK’s Lisa Just Broke a Guinness World Record With ‘Money’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top