အီရန်မှာ နှစ်ပေါင်းများစွာကြာပြီးမှ အမျိုးသမီးတွေ ဘောလုံးပွဲ ကြည့်ခွင့်ရ

yyl-005.jpg

အီရန်နိုင်ငံဟာ ဘောလုံးကွင်းအတွင်း အမျိုးသမီးတွေကို ဘောလုံးပွဲကြည့်ဖို့ ခွင်ပြုပေးလိုက်ပြီဖြစ်တာကြောင့် ဘောလုံးကွင်းအတွင်း အမျိုးသမီးတွေရဲ့ အော်ဟစ်သံ၊ ရယ်မောသံတွေ ကြားလာခဲ့ရကြောင်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

အီရန် အမျိုးသမီးတွေဟာ အမျိုးသားတွေဘောလုံးပွဲတွေကို ဘောလုံးကွင်းအတွင်း ၁၉၇၉ ခုနှစ် ကနောက်ဆုံး တက်ရောက်ကြည့်ရှုခွင့်ရခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ အီရန် အမျိုးသားလက်ရွေးစင်အသင်း ကမာ့ၻဖလား ယှဉ်ပြိုင်နေပုံကို ကြည့်နိုင်ဖို့ အီရန် အမျိုးသမီးတွေကို အီရန် နိုင်ငံ တီဟီရန်မြို့က အေဇာဒီဘောလုံးကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့်ပေးခဲ့ကြောင်း၊ အဲဒီဘောလုံးကွင်းအတွင်း အီရန်ကမာ့ၻဖလား ပွဲစဉ်ကို ရုပ်သံမှတိုက်ရိုက် ပြသမှုတွေရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အီရန်အမျိုးသားဘောလုံးအသင်းရဲ့ ပေါ်တူဂီနဲ့ ကစားမယ့် လာမယ့် ကမာ့ၻဖလားပွဲစဉ်မှာလည်း အီရန်အမျိုးသမီးတွေကို ကွင်းအတွင်း ကြည့်ခွင့်ပေးမှာဖြစ်ပြီး ဘောလုံးပွဲကြည့်ဖို့ အတွက် ပြဿနာမရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အီရန်အမျိုးသမီးတွေဟာ ကွင်းအတွင်း ပျော်ရွင်စွာနဲ့ ဆဲလ်ဖီရိုက်ကာလူမူကွန်ရက်ပေါ်တင်တာတွေလည်း ရှိခဲ့ပါတယ်။ အီရန်နိုင်ငံမှာ ဘာသာရေးအယူဆအရ အမျိုသမီးတွေကို ကွင်းအတွင်း အားပေးမှုအတွက် ကန့်သတ်ထားပြီး ရဲတွေက အမျိုးသမီးတွေ အမျိုးသားဘောလုံးပွဲတွေ တက်ရောက်ကြည့်ရူတာကို တားမြစ်မှုတွေရှိခဲ့ဖူးပါတယ်။

အီရန်အမျိုးသမီးတွေဟာ ဘောလုံးကွင်းအတွင်း ပွဲကြည့်မှုတွေကြောင့် ပြင်းထန်တဲ့ ပြစ်ဒဏ်အပေးခံရဖူးပြီး မတ်လတုန်းက ဘောလုံးကွင်းအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အမျိုးသမီး ၃၅ ဦးဖမ်းဆီးထိန်းသိမ်းခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမျိုးသမီးတွေကို မိသားစုနဲ့အတူ ဘောလုံးကွင်းအတွင်း အီရန် – စပိန် ပွဲကို ကြည့်ခွင့်ပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီ ကြေညာချက်ထွက်ပေါ်လာခဲ့ပြီးနောက် အမျိုးသမီးတွေဟာ အေဇာဒီ ကွင်းအပြင်မှာ လက်မှတ်ရယူနိုင်ဖို့ ဆူညံစွာ ကြိုးပမ်းခဲ့ကြပါတယ်။ ကွင်းအဆောက်အဦ ပြဿနာအချို့ကြောင့် လုံခြုံရေး တပ်ဖွဲ့တွေဟာ ကွင်းအတွင်း အမျိုးသမီး ဝင်ရောက်မှာကို ပိတ်ပင်မှုတွေရှိခဲ့ပေမယ့် အမျိုးသမီးပရိသတ်အချို့က ကွင်းအပြင်ဘက်မှာ ထိုင်ကာ ဆန္ဒပြခဲ့ပြီး သူတို့ကို ကွင်းအတွင်း ဝင်ခွင့်မပြုမချင်း ထိုင်နေပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

 

Ref: BBC “Women finally allowed in Iranian football stadium”

Kaung htet ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top