အငှားကိုယ်ဝန်ဆောင် လုပ်ငန်းတွေကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

35114532_1858542500868548_8181471545609158656_n.jpg

ကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ တရားမဝင် အငှားကိုယ်ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာမှာ အငှားကိုယ်ဝန်ဆောင် အမျိုးသမီး ၃၃ ဦး တွေရှိခဲ့ကြောင်း၊ အငှားကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ တရုတ်နိုင်ငံက ကိုယ်ဝန်ဆောင်ပေးဖို့ ငှားရမ်းထားတာကြောင့် ဝန်ဆောင်မှုပေးနေတာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ဟာ ဖနွမ်းမြို့အတွင်းက နေရာ နှစ်ခုကို စီးနင်းခဲ့ချိန်မှာ တရားမဝင် အငှားကိုယ်ဝန်ဆောင်သူတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ သားသမီးမရနိုင်တဲ့ စုံတွဲတွေ အတွက် ကလေး ရယူနိုင်ဖို့ ကိုယ်စား ဆောင်ရွက်ပေးတဲ့နေရာအဖြစ် ကမ္ဘာမှာ ထင်ရှားမှုနေပါတယ်။ အငှားကိုယ်ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ကစပြီး တရားမဝင် စတင်လုပ်ကိုင်နေခဲ့တယ်လို့ ဆိုပါတယ်။ ဖနွမ်းပင်မြို့ လူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့ ညွန်ကြားရေးမှုး ကီအိုတီက စီးနင်းမှုလုပ်ချိန်အတွင်း ကမ္ဘောဒီယား အမျိုးသမီး ၄ ဦးနဲ့ အငှားကိုယ်ဝန်ဆောင် လုပ်ငန်းမန်နေဂျာအဖြစ် လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေကို လူကုန်ကူးဖို့ ကြိုးပမ်းမှုနဲ့ အငှားကိုယ်ဝန်ဆောင်ရာမှာ ကြားလူအဖြစ် ပါဝင်မှုတွေနဲ့ စွဲချက်တင်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီယား အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိအချိန်မှာ အငှားကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေကိုတော့ စွဲချက်တင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အငှားကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ တရုတ်နိုင်ငံသားတွေရဲ့ ကလေးကို အငှားကိုယ်ဝန်ဆောင်ပေးတာဖြစ်ပြီး အမျိုးသမီးတစ်ဦးကို အငှားကိုယ်ဝန်ဆောင်မှုအဖြစ် အမေရိကန်ဒေါ်လာ ၁ သောင်း ရရှိတယ်လို့ သိရပါတယ်။

အမျိုးသမီးတစ်ဦးဟာ အငှားကိုယ်ဝန် စတင်ချိန်မှာ အမေရိကန်ဒေါ်လာ ၅၀၀၀ ရရှိမှာဖြစ်ပြီး မွေးလာတဲ့ကလေးကို ပေးအပ်ချိန်မှာ နောက်ထပ် အမေရိကန်ဒေါ်လာ ၃၀၀၀ ရမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀ ကိုတစ်လ အမေရိကန်ဒေါ်လာ ၃၀၀ နှုန်းနဲ့ ပေးသွားဖို့ သဘောတူညီထားတာဖြစ်တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။ အငှားကိုယ်ဝန်ဆောင်မှု ပြုလုပ်တဲ့နေရာကို စီးနင်းချိန်မှာ ကလေးငယ် ၂၀ ကို တရုတ်နိုင်ငံဘက် ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ကလေးတွေကို တရုတ်နိုင်ငံမှာ မွေးဖွားသလို ကမ္ဘောဒီးယားနိုင်ငံမှာလည်း မွေးဖွားခဲ့ကြောင်း သိရပါတယ်။

Ref: CAN 33 “pregnant Cambodian women discovered in surrogacy raid”

kaung htet ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top