နှစ် (၂၀) နီးပါးမှာ HIV မျိုးခွဲအသစ်ကို သုတေသီတွေ တွေ့ရှိ

yyl-014.jpg

သုတေသီတွေက HIV မျိုးခွဲအသစ်တစ်ခုကို ထုတ်ဖော်လိုက်ပြန်ပါပြီ။ အဲဒါက နှစ်(၂၀) နီးပါးမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ HIV မျိုးခွဲအသစ်ကို Abbott Laboratories, University of Missouri and the Presbyterian Mission Agency မှာ သုတေသီတွေက အတည်ပြုခဲ့တာပါ။ အဲဒီHIV က HIV-1 Group M မှာ အမျိုးအစားခွဲ L အဖြစ် သတ်မှတ်ထားပါတယ်။ HIV မှာ HIV-1 နဲ့ HIV-2 ဆိုပြီး အဓိကအမျိုးအစား (၂) ခုရှိတာပါ။ HIV- 1 မှာ အမျိုးအစားမျိုးစုံရှိပါတယ်။ Group Mက ကမ္ဘာတစ်ဝှမ်းမှာဖြစ်နေတဲ့ HIVကူးစက်ရောဂါအမျိုးအစားဖြစ်ပါတယ်။

ပထမဆုံးHIVအမျိုးအစားနှစ်ခုကို ၁၉၈၃ခုနှစ် နဲ့ ၁၉၉၀ခုနှစ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ တတိယတစ်ခုကိုလည်း ၂၀၀၁ခုနှစ်က တွေ့ရှိခဲ့ပါသေးတယ်။ အခုတွေ့ရှိတဲ့ HIV ပိုးအမျိုးအစားအသစ်ပုံစံမျိုးက ကွန်ဂိုနိုင်ငံနဲ့ အခြားနေရာတွေမှာလည်း ဖြစ်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။

ဒီHIVအမျိုးအစားက အခြားအမျိုးအစားတွေနဲ့ မတူဘူးဆိုရင် ခန္ဓာကိုယ်ကို ဘယ်လိုတေ သက်ရောက်မှုရှိမလဲဆိုတာတော့ မရှင်းလင်းဘူးဖြစ်ပါတယ်။ လက်ရှိHIV ကုသနည်းတွေက များပြားကျယ်ပြန့်လှတဲ့ရောဂါပိုးအမျိုးအစားတွေကို တိုက်ဖျက်နိုင်ပြီး ဒီအမျိုးအစားအသစ်ကိုလည်း တိုက်ဖျက်ပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအရ ကမ္ဘာပေါ်မှာ လူ (၃၆.၇) သန်းလောက်က HIV ရောဂါဖြစ်နေတယ်လို့ သိရပါတယ်။

Ref: Scientists discover first new HIV strain in nearly two decades

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top