Android က App တွေကို Windows 10 မှာ တိုက်ရိုက်အသုံးပြုနိုင်တော့မယ်

Windows-Android-apps-AH-2019.jpg

လတ်တလော ကြားသိရတဲ့သတင်းတွေအရ ကျွန်တော်တို့ဖုန်းမှာ အသုံးပြုနေတဲ့ Android အပ်ပလီကေးရှင်းတွေကို Windows 10 ပေါ်မှာ တိုက်ရိုက်ဆွဲတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကျင်းပခဲ့တဲ့……ပွဲမှာ စပြီးမိတ်ဆက်ပေးခဲ့တာပါ။

ဒီလုပ်ဆောင်ချက်အသစ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စပြီးမိတ်ဆက်ပေးခဲ့တာပါ

ဒီလုပ်ဆောင်ချက်ကို “Phone screen mirroring” လို့ နာမည်ပေးထားပြီး Bluetooth system ကို အသုံးပြုလုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် Android ဖုန်းနဲ့ Windows 10 Operating System ထည့်သွင်းထားတဲ့ ကွန်ပျူတာကို Bluetooth စနစ်နဲ့ ချိတ်ဆက်လိုက်ရုံပါပဲ။ ဒါဆိုရင် ဖုန်းမှာ မြင်နေရတဲ့ မျက်နှာပြင်တစ်ခုလုံးက ကွန်ပျူတာမှာ ပေါ်လာပြီး ဖုန်းမှာ အသုံးပြုသလိုမျိုး Android အပ်ပလီကေးရှင်းတွေကို အသုံးပြုနိုင်တော့မှာပါ။

ပထမဆုံးစအသုံးပြုနိုင်မယ့် ကွန်ပျူတာအမျိုးအစားကတော့ Microsoft Surface Go ဖြစ်ပြီး ဖုန်းအမျိုးအစားတွေကတော့ Samsung Galaxy S8၊ S8 Plus၊ S9 နဲ့ S9 Plus တို့ပဲ ဖြစ်ပါတယ်

ခုလောလောဆယ်မှာတော့ ဖုန်းအမျိုးအစားတချို့နဲ့ ကွန်ပျူတာတချို့မှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး ပိုပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်အောင် စီစဉ်နေကြောင်း Microsoft က ပြောထားပါတယ်။ ပထမဆုံး စအသုံးပြုနိုင်မယ့် ကွန်ပျူတာအမျိုးအစားကတော့ Microsoft Surface Go ဖြစ်ပြီး ဖုန်းအမျိုးအစားတွေကတော့ Samsung Galaxy S8၊ S8 Plus၊ S9 နဲ့ S9 Plus တို့ပဲ ဖြစ်ပါတယ်။

Windows 10 version အဟောင်းတွေမှာလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်

ဒီစနစ်ကိုသုံးဖို့အတွက် Windows 10 OS နဲ့ Android OS Version တွေကို Update လုပ်ထားဖို့ လိုအပ်တယ်လို့ ဆိုထားပေမဲ့ Windows 10 version အဟောင်းတွေမှာလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ကဲ… မြင်ကွင်းကျဉ်းကျဉ်းတွေမှာ Android App တွေသုံးတာကခဏထားပြီး ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ပြေင်းသုံးကြည့်ရအောင်လား …

Ref: The Verge “Microsoft brings android apps to windows 10 with new screen mirroring beta”
Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top