ကမ္ဘာတစ်ဝှမ်းမှာ နာရီအတော်ကြာအောင် ဖွင့်မရဖြစ်နေခဲ့တဲ့ Facebook၊ Instagram နဲ့ Whatsapp

ff0-1.jpg

လက်ရှိမှာ ကမ္ဘာ့နေရာအတော်များများက ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ WhatsApp အကောင့်သုံးစွဲသူတွေအနေနဲ့ အကောင့်ထဲဝင်ရောက်တာ၊ ပို့စ်တင်တာတွေအတွက် ပြဿနာအနည်းငယ်ကြုံနေကြရတယ်လို့ သိရပါတယ်။

ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရှစ်နာရီကျော်ကြာ အကောင့်ထဲဝင်လို့မရဖြစ်နေပြီးတဲ့နောက် ပြန်ဝင်ရောက်လို့ရခဲ့ပေမဲ့ အင်စတာဂရမ်နဲ့ Whatsapp အကောင့်တွေမှာကတော့ ပြဿနာတွေ ရှိနေဆဲပါ။

ဖေ့စ်ဘွတ်ခ်အသုံးပြုထောင်ပေါင်းများစွာက ညနေ့ခင်းပိုင်းနဲ့ ည (၈) နာရီအတောအတွင်းမှာ လူမှုကွန်ယက်အကောင့်ကို ဝင်ရောက်လို့မရဖြစ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်၊ ဥရောပတဝိုက်က မြို့တွေနဲ့ တောင်အမေရိကဘက်ခြမ်းတွေမှာ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ မက်ဆေ့ဂျာအေားလုံး ပြဿနာအနည်းငယ်ရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကအသုံးပြုသူတွေဟာလည်း မနေ့ညကစပြီး ဒီကနေ့မနက်ခင်းပိုင်းအထိကို ဖေ့စ်ဘွတ်အကောင့်ထဲ ဝင်မရတာတွေဖြစ်နေတယ်လို့ သိရပါတယ်။

အခုလို ဖေ့စ်ဘွတ်ခ်ဆာဗာတွေ ယာယီချွတ်ယွင်းရတဲ့အကြောင်းရင်းကို ဖေ့စ်ဘွတ်ခ်က မပြောခဲ့ဘဲ တတ်နိုင်သမျှ ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့လုပ်ဆောင်နေကြောင်း၊ ဒီပြဿနာက ဆာဗာတိုက်ခိုက်ခံရတာမျိုးနဲ့ ဆက်စပ်မှုမရှိကြောင်းပြောကြားခဲ့ပါတယ်။

Ref: Dailymail “Facebook is back up and running after an EIGHT HOUR global outage, but users are still reporting problems with Instagram and Whatsapp”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top