ပြည်ပရောက်ကစားသမားတွေကို ၇ ရက်အတွင်း ပြန်လာကြဖို့ မန်ယူအကြောင်းကြား

5-5-2020-yyl-043.jpg

ပြည်ပရောက်နေတဲ့ အသင်းသားအားလုံး လာမယ့် ၇ ရက်အတွင်း အသင်းထံ ပြန်လာကြဖို့ မန်ယူအသင်းက အကြောင်းကြားထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန်မှာ သူတို့ချစ်ရသူတွေနဲ့အတူ နေခွင့်ရဖို့အတွက် မန်ယူအသင်းရဲ့ စီနီယာကစားသမားတွေက ပြီးခဲ့တဲ့မတ်လမှာ ဗြိတိန်နိုင်ငံကနေ ထွက်ခွာသွားခဲ့ကြပြီး သီးခြားလေ့ကျင့်ခန်းတွေ ပြုလုပ်နေပါတယ်။ မန်ယူအသင်းက လေ့ကျင့်ခန်းပြန်ဆင်းမယ့်ရက်ကို စီစဉ်ထားခြင်းမရှိသေးပေမဲ့ ဖရက်ဒ်(ဘရာဇီး)၊ လင်ဒီအော့ဖ်(ဆွီဒင်)၊ ဆာဂျီယိုရိုမီယို(အာဂျင်တီးနား) အစရှိတဲ့ ကစားသမားတွေကို မန်ယူအသင်းက အသင်းထံပြန်လာဖို့ အကြောင်းကြားထားပါတယ်။

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ရောဂါကူးစက်မှု ဖြစ်ပွားနေချိန်အတွင်း ဗြိတိန်နိုင်ငံကနေ ထွက်ခွာသွားပေမဲ့ လက်ရှိအချိန်မှာတော့ ဗြိတိန်နိုင်ငံကို ပြန်ရောက်နေတယ်လို့ သိရပါတယ်။ ပြည်ပကနေ ဗြိတိန်နိုင်ငံကို ပြန်လာမယ့်ကစားသမားတွေအနေနဲ့ အသွားအလာကန့်သတ်စောင့်ကြပ်မှု ခံယူဖို့ မလိုအပ်လောက်ဘူးလို့ မန်ယူအသင်းက မျှော်လင့်နေပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်း တော်တော်များများက လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပေမဲ့ မန်ယူအသင်းကတော့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဘယ်တော့ ပြန်လေ့ကျင့်မလဲဆိုတာ မသေချာသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top