နယူးဇီလန်နိုင်ငံမှာ မောင်းပြန်သေနတ်နဲ့ ချေမှုန်းရေးရိုင်ဖယ်တွေ ပိတ်ပင်

in5-1.jpg

ခရစ်ချာ့ချ်မြို့က ဗလီနှစ်လုံးမှာ လူ (၅၀) သေဆုံးခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ နယူးဇီလန်နိုင်ငံက တင်းကျပ်တဲ့ သေနတ်ဥပဒေသစ် ပြဋ္ဌာန်းလိုက်ပါပြီ။ ဧပြီလ (၁၁) ရက်နေ့မှာ စတင်အကျုံးဝင်လာဖို့ရှိတဲ့ အဲဒီဥပဒေသစ်အရ စစ်ဘက်ဆိုင်ရာ အသုံးပြုတဲ့ မောင်းပြန်သေနတ်တွေနဲ့ ချေမှုန်းရေးရိုင်ဖယ်တွေအားလုံးကို တားမြစ်ထားပါတယ်။

ပိတ်ပင်ခံရတဲ့ သေနတ်အမျိုးအစား ဝယ်ယူထားသူတွေ ပြန်လည်အပ်နှံနိုင်ဖို့အတွက် ကင်းလွတ်ခွင့် ဖန်တီးပေးထားပြီး နောက်ပိုင်းမှာတော့ အဲဒီသေနတ်တွေကို ပြန်လည်ဝယ်ယူသွားမှာဖြစ်ပါတယ်။

အဲဒီသေနတ်တွေကို ပြန်လည်ဝယ်ယူမယ့်အတွက် အစိုးရအနေနဲ့ နယူးဇီလန်ဒေါ်လာ သန်း ၂၀၀(အမေရိကန်ဒေါ်လာ ၁၃၈ သန်း)ကုန်ကျလိမ့်မယ်လို့ ဆိုပါတယ်။ မောင်းပြန်သေနတ်တွေနဲ့ ချေမှုန်းရေးရိုင်ဖယ်တွေအပြင် ရိုးရိုးသေနတ်တွေကို မောင်းပြန်သေနတ်လို ပစ်ခတ်နိုင်မယ့် အစိတ်အပိုင်းတွေ၊ ပစ်အားကောင်းစေတဲ့ ကျည်အိမ်တွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။

သြစတြေးလျနိုင်ငံကတော့ ၁၉၉၆ ခုနှစ်က အာသာဆိပ်ကမ်းမှာ လူ (၃၅) ဦး သေဆုံးစေတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မောင်းပြန်သေနတ်တွေကို ပိတ်ပင်ခဲ့ပြီး သေနတ်တွေကို ပြန်ဝယ်မယ့် အစီအစဉ် စတင်လုပ်ဆောင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top