မလေးရှားနိုင်ငံရော‌က် တရားမဝင် မြန်မာ အလုပ်သမား ၄၀၀၀ ကျော် နေရပ်ပြန်ရန် စာရင်းပေးထား

1-7-2020-yyl-013.jpg

မလေးရှားနိုင်ငံရောက် တရားမဝင်မြန်မာအလုပ်သမား ၄၀၀၀ ကျော်မှာ နေရပ်ပြန်ရန် စာရင်းပေးထားတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရပါတယ်။

ဇွန်လ (၂၃) ရက်နေ့မှစတင်ကာ တစ်ပတ်အတွင်း [email protected] အီးမေးလ်ကို စာရင်းပေးပို့ထားသူ တရားမဝင်မြန်မာအလုပ်သမား ၄၀၀၀ ကျော်ရှိပြီး ပေးပို့သူများထဲမှာ အချက်အလက်မပြည့်စုံသူတွေလည်း ရှိနေသေးတယ်လို့ သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

အီးမေးလ်ပေးပို့ဖို့ အဆင်မပြေသူတွေအနေနဲ့ ရုံးကို လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား သုံးသိန်းကျော် ရှိတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံဟာ Covid-19 ထိန်းချူပ်ရေး စီမံချက်ကို လုပ်ဆောင်နေတာ ဖြစ်ပြီး မလေးရှားနိုင်ငံမှာ ဆက်လက်နေထိုင်ရန် အခက်အခဲရှိနေတဲ့ အထောက်ထားမဲ့ မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ဆောင်ဖို့ မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့ ညှိနှိုင်းတိုင်ပင်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Cherry ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top