အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်ယူ-ချဲလ်ဆီး၊ အာဆင်နယ်-မန်စီးတီး တွေ့ဆုံ

29-6-2020-yyl-004.jpg

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ယူနဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေ တွေ့ဆုံနေပါတယ်။ အဲဒီပွဲစဉ်တွေကို ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားမှာပါ။ မန်ယူဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ နောဝစ်ချ်ကို အချိန်ပိုသွင်းဂိုး (၁-၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချဲလ်ဆီးကတော့ လက်စတာကို (ဝ-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ မန်ယူနဲ့ ချဲလ်ဆီးဟာ ဒီရာသီမှာ (၃)ကြိမ် တွေ့ဆုံခဲ့ပြီး (ကာရာဘောင်းဖလားပွဲစဉ်တစ်ပွဲ ပါဝင်) ၃ ပွဲလုံး အနိုင်ရခဲ့ပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အာဆင်နယ်က အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ၁၃ ကြိမ် ဗိုလ်စွဲထားပါတယ်။ မန်ယူကတော့ အက်ဖ်အေဖလားကို ၁၂ ကြိမ် ဗိုလ်စွဲခဲ့ပြီး ချဲလ်ဆီးကတော့ အသင်းသမိုင်းတစ်လျှောက်မှာ ၈ ကြိမ် ဗိုလ်စွဲထားပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ အက်ဖ်အေဖလားကို ၆ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲကိုတော့ သြဂုတ်လ ၁ ရက်ကျရင် ဝင်ဘလေကွင်းမှာ ကစားဖို့ စီစဉ်ထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top