ပွဲထွက်ဝတ်စုံက လေးလွန်းလို့ တိုင်ဆန်ဖျူရီကို ရှုံးရတာလို့ ဒီယွန်တေးဝှိုက်ဒါ ဆို

25feb202004.jpg

ပွဲထွက်ဝတ်စုံရဲ့ အလေးချိန်ကြောင့် တိုင်ဆန်ဖျူရီကို ရှုံးနိမ့်ခဲ့ရတာလို့ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ ပြီးခဲ့တဲ့စနေနေ့ညက လက်စ်ဗီးဂတ်စ်မြို့ MGM Grand မှာ ကျင်းပခဲ့တဲ့ ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ရဲ့ စိတ်မကျေပွဲမှာ ဒီယွန်တေးဝှိုက်ဒါက အနက်နဲ့ အနီရောစပ်ထားတဲ့ သံချပ်ကာဝတ်စုံနဲ့ ပွဲထွက်လာခဲ့ပြီး မျက်နှာဖုံး ဝတ်ဆင်ခဲ့ပါတယ်။ တခမ်းတနားပွဲထွက်လာတဲ့ ဒီယွန်တေးဝှိုက်ဒါဟာ တတိယအချီနဲ့ ပဥ္စမအချီမှာ လဲကျခဲ့ပြီး ၇ ချီမြောက်မှာတော့ ကြိုးဝိုင်းအကူလူက ပဝါပစ်တင် အရှုံးပေးခဲ့ပါတယ်။ ၄၅ ပေါင်လေးလံတဲ့ ဝတ်စုံရဲ့ အလေးချိန်ကြောင့် သူ့ခြေထောက်တွေ အားနည်းခဲ့လို့ ရှုံးနိမ့်ခဲ့တာလို့ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။
”သူက ကျွန်တော့်ကို နာကျင်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ကျွန်တော့်ဝတ်စုံက ကျွန်တော့်အတွက် အရမ်းလေးပါတယ်။ ပွဲအစပိုင်းမှာ ခြေထောက်တွေက စိတ်သွားတိုင်းကိုယ်ပါ မဖြစ်ခဲ့ဘူး။ တတိယအချီမှာ ကျွန်တော့်ခြေထောက်တွေ လုံးဝယိုင်ထွက်သွားတယ်။ ဒါပေမဲ့ ကျွန်တော်က စစ်သည်တော်တစ်ယောက်ပါ။ ဒီပွဲမှာ ကျွန်တော့်အတွက် ခြေထောက်မပါဘဲ ကစားခဲ့ရသလိုပါပဲ”လို့ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ဟာ တတိယပွဲစဉ် ထိုးသတ်ဖို့ စာချုပ်ရှိနေပြီး အဲဒီစာချုပ်ကို အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်နေတယ်လို့ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ ဒုတိယပွဲစဉ်မှာ အနိုင်ရထားတဲ့ တိုင်ဆန်ဖျူရီကတော့ တတိယပွဲစဉ်ဖြစ်ရင် ထိုးကြေးရဲ့ ၆၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး ရုပ်သံဝင်ငွေနဲ့ လက်မှတ်ရောင်းရငွေတွေကနေလည်း ခွဲတမ်းရရှိမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top