ဘာစီလိုနာနည်းပြရာထူးကို ငြင်းပယ်ခဲ့တဲ့ ဟော်လန်နည်းပြ ရော်နယ်ကိုးလ်မန်း

yyl-038.jpg

ဘာစီလိုနာအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပေမဲ့ ဟော်လန်လက်ရွေးစင်အသင်းကို ကတိပေးထားပြီးသားဖြစ်နေလို့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ ဟော်လန်နည်းပြ ရော်နယ်ကိုးလ်မန်းက ပြောပါတယ်။ ရော်နယ်ကိုးလ်မန်းဟာ ကစားသမားဘဝတုန်းက ဘာစီလိုနာမှာ ၆ နှစ်ကြာကစားခဲ့သူပါ။ နည်းပြဗယ်ဗာဒီကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းက သူ့ကို ကမ်းလှမ်းခဲ့တယ်လို့ ရော်နယ်ကိုးလ်မန်းက ပြောပါတယ်။ ရော်နယ်ကိုးလ်မန်းဟာ ဘာစီလိုနာအသင်းကို နည်းပြချင်တယ်လို့ ထုတ်ပြောခဲ့ဖူးသူပါ။ ဘာစီလိုနာအသင်းက သူ့ကို ဆက်သွယ်ခဲ့သလားလို့ သတင်းထောက်က မေးချိန်မှာ ရော်နယ်ကိုးလ်မန်းက “ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟော်လန်အသင်းကို ကိုင်တွယ်နေချိန်မို့လို့ ငြင်းခဲ့ပါတယ်’’လို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ ဘာစီလိုနာအသင်းက ဘက်တစ်နည်းပြဟောင်း ဆက်တီယန်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top