တိုက်တန်းနစ်ထက် ၅ ဆ ပိုကြီးတဲ့ ကမ္ဘာ့အကြီးဆုံးဇိမ်ခံသင်္ဘောကြီး စတင်ရွက်လွှင့်တော့မယ်

13.7.23-yyl-1.jpg

တိုက်တန်းနစ်သင်္ဘောဟာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း မနစ်မြုပ်ခင်က ကမ္ဘာ့အကြီးဆုံးသင်္ဘောအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ အခုတော့ Royal Caribbean International ကုမ္ပဏီက ဖန်တီးလိုက်တဲ့ သင်္ဘာကဆိုရင် တိုက်တန်းနစ်ထက် ၅ ဆ ပိုကြီးပြီး မကြာခင် စတင်ရွက်လွှင့်တော့မှာပါ။

Icon of the Seas လို့ခေါ်တဲ့ အဲဒီဇိမ်ခံသင်္ဘောကြီးက စုစုပေါင်း တန်ချိန် ၂၅၀၈၀၀ နဲ့ ၁၁၉၈ ပေရှည်ပြီး တော်တော်လေးကြီးမားပါတယ်။ ခရီးသည် ၇၆၀၀ ဦး နဲ့ သင်္ဘောအဖွဲ့သား ၂၃၅၀ ဦးကို တင်ဆောင်နိုင်ပြီး သင်္ဘောမှာ စုစုပေါင်း ကုန်းပတ် ၂၀၊ ရေကူးကန် ၇ ခုအပြင် ရေလွှာလျှောလည်း ပါရှိပါတယ်။
ဒီဇိမ်ခံသင်္ဘောကြီးကို ပြီးခဲ့တဲ့လက ပင်လယ်ရေကြောင်းစမ်းသပ်မှုအောင်မြင်စွာ ပြီးဆုံးပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ စတင်အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။

သင်္ဘောကို အဓိက ဧရိယာ ၈ ခု ခွဲထားပါတယ်။

  • သင်္ဘောရှေ့မှာ ၂၂၀ ဒီဂရီမြင်ကွင်းတွေနဲ့ ၅၅ ပေရှိတဲ့ ရေတံခွန်ကို မြင်ရတဲ့ The AquaDome
  • မြေထဲပင်လယ်စားသောက်ဆိုင်တစ်ခုနဲ့ နှစ်ထပ်နေကာကုန်းပတ်ပါတဲ့ Suite Neighborhood
  • အပင်နံရံတွေပါတဲ့ Central Park
  • ရေကန် ၄ ခုနဲ့ ဘားတစ်ခုပါတဲ့ Chill Island
  • Category 6 လို့ခေါ်တဲ့ အကြီးဆုံးရေပန်းဥယျာဉ်ပါတဲ့ Thrill Island
  • မိသားစုတွေအတွက် ရည်ရွယ်ထားတဲ့ Surfside ဧရိယာ
  • သမုဒ္ဒရာရှုခင်းတွေနဲ့ The Royal Promenade
  • သင်္ဘောနောက်ဘက်မှာ ၁၈၀ ဒီဂရီမြင်ကွင်းတွေနဲ့ The Hideaway

Icon of the Seas ကို စီးဖို့အတွက် သီးသန့်ကြိုတင်ဘိုကင်လုပ်တာကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာလုပ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက တစ်ယောက်ကို ဒေါ်လာ ၁၅၃၇ ဖြစ်ပေမဲ့ အဲဒီကတည်းက ဒေါ်လာရာဂဏန်းအထိ ထပ်ပြီးမြင့်တက်လာခဲ့ပါတယ်။ အောက်တိုဘာမှာ ဘိုကင်တင်တာကို စဖွင့်ခဲ့တဲ့နေ့က Royal Caribbean ကုမ္ပဏီရဲ့ ၅၃ နှစ်သမိုင်းတစ်လျှောက်မှာလည်း ဘိုကင်အများဆုံးတင်တဲ့နေ့ဖြစ်ခဲ့ပါတယ်။

အခုဆို Royal Caribbean က ၂၀၂၄ ခုနှစ် စက်တင်ဘာလကျ မိုင်ယာမီကနေ အနောက်ကာရေဘီယံအထိ ၇ ညတာအပျော်စီးခရီးအတွက် အတွင်းခန်းတစ်ခန်းကို ဒေါ်လာ ၁၈၅၁ ဒေါ်လာနဲ့ ဈေးအချိုဆုံးလက်မှတ်ကို စာရင်းပြထားပါတယ်။ ဈေးအကြီးဆုံးက မတ်လကျရင် ဧည့်ခန်းပါ အခန်းအတွက် ဒေါ်လာ ၁၀၈၆၄ ပါ။ ဒီဇိမ်ခံသင်္ဘောကြီးက အရှေ့ကာရေဘီယံဆီ ၇ ရက်တာခရီးကိုလည်း ပို့ဆောင်ပေးပါတယ်။

Ref: World’s largest cruise ship that’s 5 times larger than the Titanic set to make its debut

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top