တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးဝက်ဟိုတယ်

31-8-2022-yyl20.jpg

အခုပုံမှာ မြင်ရတဲ့ အဆောက်အအုံက ဟိုတယ်မဟုတ်ပါဘူး။ တရုတ်နိုင်ငံက ဝက်မွေးမြူရေးခြံပါ။ အီကျိုးမြို့မှာ တည်ရှိတဲ့ ဒီအဆောက်အအုံက ၂၆ ထပ် မြင့်မားပါတယ်။ စတုရန်းမီတာ ၄၀၀၀၀၀ ကျယ်ဝန်းတဲ့ အဆောက်အအုံ ၂ လုံး ပါဝင်ပြီး အလိုအလျောက် အစာကျွေးစက်တွေ တပ်ဆင်ထားပါတယ်။

လေဝင် လေထွက်ကောင်းဖို့၊ ပိုးသတ်ဖို့၊ အညစ်အကြေးတွေကနေ လျှပ်စစ်စွမ်းအင်နဲ့ အပူစွမ်းအင် ထုတ်လုပ်ဖို့ စနစ်တွေလည်း ရှိပါတယ်။ တစ်နှစ်ကို ဝက်အကောင်ရေ ၆၀၀၀၀၀ မွေးမြူပြီး ဝက်သားတန်ချိန် ၅၄၀၀၀ ထုတ်လုပ်နိုင်ဖို့ ခန့်မှန်းထားပါတယ်။

ဒီဝက်မွေးမြူရေးခြံကို Zhongxin Kaiwei Modern Farming ကုမ္ပဏီက ပိုင်ဆိုင်ပြီး တရုတ်နိုင်ငံရဲ့အကြီးမားဆုံး ဝက်မွေးမြူရေးခြံ ဖြစ်ပါတယ်။ ဝက်ဟိုတယ်လို့လည်း ခေါ်ကြပါတယ်။

Ref: China’s ‘Pig Hotels’ – Massive Multi-Storey Pork Production Facilities

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply