လူနာတွေကို မလိုအပ်ဘဲ ခွဲစိတ်မှုလုပ်ခဲ့တဲ့ ဆရာဝန်ကို ဖမ်းဆီး

yyl-001-9.jpg

လူနာတွေကို မလိုအပ်ဘဲ ခွဲစိတ်မှုတွေလုပ်ခဲ့တဲ့ ဆရာဝန်ကို ဖမ်းဆီးပြီး တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ သားဖွားမီးယပ်ဆရာဝန် ပါဝစ်ဇ်ဟာ လူနာအမျိုးသမီးတွေရဲ့ ကျန်းမာရေးအခြေအနေကို လိမ်ညာပြောဆိုပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် လုပ်ခဲ့တယ်လို့ FBI က ဆိုပါတယ်။ ပါဝစ်ဇ်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြား ကာလအတွင်း အမျိုးသမီးလူနာ ၄၀ ရာခိုင်နှုန်းကို ခွဲစိတ်မှုလုပ်ခဲ့ပါတယ်။

လူနာ ၅၁၀ အနက် ၄၂ ရာခိုင်နှုန်းဟာ အနည်းဆုံး ခွဲစိတ်မှု ၂ ခုလုပ်ခံခဲ့ရတယ်လို့ ပြစ်မှုဆိုင်ရာ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။ ပါဝစ်ဇ်ဟာ လူနာတွေကို အသိပေးခြင်း၊ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ မလိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ခဲ့တယ်လို့ FBI ရဲ့ ဖမ်းဆီးမိန့်မှာ ဖော်ပြထားပါတယ်။ အဲဒီခွဲစိတ်မှုတွေထဲမှာ သားအိမ်ထုတ်တာ၊ သားကြောဖြတ်တာ၊ သားအိမ်ခြစ်တာ စတဲ့လုပ်ရပ်တွေ ပါဝင်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ပါဝစ်ဇ်ဟာ ၁၉၈၀ ပြည့်နှစ်က ဗာဂျီးနီးယားပြည်နယ်မှာ ဆရာဝန်လိုင်စင်ရရှိခဲ့ပြီး စည်းကမ်းချိုးဖောက်တဲ့ ပြဿနာတွေ ရှိခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်က ပါဝစ်ဇ်ကို ဖမ်းဆီးခဲ့ပြီးနောက်မှာ သူ့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အမျိုးသမီး ၁၂၆ ဦးကို တိုင်ကြားခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top