COVID-19 ကို ရှေ့တန်းက တွန်းလှန်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ဆေးကျောင်းဘွဲ့ရ ကျောင်းသူ/ သားတွေ

12-6-2020-yyl-008.jpg

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဆက်လက်ရှိနေဆဲ ဖြစ်တဲ့အတွက် မကြာသေးခင်ကမှ ဘွဲ့ရခဲ့တဲ့ ဆေးကျောင်းသား/သူတွေက ကပ်ရောဂါကို ရှေ့တန်းကနေ တွန်းလှန်ဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ သိရပါတယ်။ သူတို့အဆင်သင့် ဖြစ်နေကြတယ် ဆိုတာကို University of California က ဘွဲ့ရတွေက ဓာတ်ပုံတွေနဲ့ မျှဝေခဲ့တာဖြစ်ပါတယ်။ “COVID-19 အတွင်းမှာ ဘွဲ့ရတာက ကျွန်တော်ထင်ထားတာထက် ကွာခြားပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော် ဘာလို့ ဆေးကျောင်းတက်ရခြင်းရဲ့အစပါပဲ။ ဆရာဝန် ပိုလိုအပ်နေတဲ့အချိန်မှာ လူတွေကို ကူညီဖို့၊ အထူးသဖြင့် အခုလိုအချိန်အခါမျိုးမှာ ရောဂါကို တွန်းလှန်ပေးဖို့ အချိန်ကျပါပြီ”လို့ ဆေးကျောင်းဘွဲ့ရ ကျောင်းသားလေး အော်စကာ ဟာနန်ဒက်ဇ်က ပြောပါတယ်။

ဆေးကျောင်းရဲ့ နောက်ဆုံးအခိုက်အတန့်တွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဆေးကျောင်း ဘွဲ့ရကျောင်းသူလေး မီဂန် ဂါစီယာ ကာရန်ကလည်း သူဟာ အလုပ်ကို အရင်ဝင်တော့မယ်လို့ ပြောပါတယ်။ “သင်နဲ့အတူ ရပ်တည်ပေးဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ယောက်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ သင်တို့အတွက် တွန်းလှန်ပေးမှာပါ”လို့ မီဂန်က ဆိုပါတယ်။ ဘွဲ့ရတဲ့အခိုက်အတန့်က တကယ်ကို ကျွန်မကို တွန်းအားဖြစ်စေပြီး နောက်အပတ်မှာ အလုပ်ကြိုးစားလုပ်နိုင်ဖို့အတွက် ကျွန်မကို အားပေးနေတာပါ”လို့လည်း သာလီယာ ငုရန်ဆိုတဲ့ ဆေးကျောင်းဘွဲ့ရတစ်ယောက်က ပြောပါတယ်။

နိုင်ငံရဲ့အသစ်စက်စက်ဆရာဝန်တွေစီးလာတဲ့ ကားကို လူတွေကလည်း လက်ပြကြိုဆို နှုတ်ဆက်ကြပါတယ်။ “ဆရာဝန်တစ်ယောက်အနေနဲ့ ဆေးပညာတွေကို လက်တွေ့ အသုံးချသွားမှာပါ”လို့ အော်စကာ ဟာနန်ဒက်ဇ်လို့ပြောထားတဲ့အပြင် မီဂန်ကလည်း “လိုအပ်နေတဲ့သူတွေအားလုံးကို ဂရုစိုက်စောင့်ရှောက်ဖို့အတွက် ကျွန်မရဲ့ အရည်အချင်းတွေကို သုံးသွားမှာပါ”လို့ ပြောပါတယ်။

Madigan Army Medical Center က အမေရိကန်စစ်အရာရှိ ရစ်ချယ်လ် ရိုလန် ဟိုမိုကလည်း ကပ်ရောဂါက သူ့ရဲ့ရည်မှန်းချက်ကို တွန်းအားဖြစ်စေခဲ့ကြောင်းကို ” ကျွန်မ လမ်းကြောင်းမှန်ပေါ်ရှိနေတယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မရဲ့အသိုင်းအဝိုင်းအတွက် တာဝန်ထမ်းဆောင်ရမယ်လို့ မျှော်လင့်ထားတဲ့အတွက် COVID-19 က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို ထက်သန်စေခဲ့တယ်”လို့ ဆိုပါတယ်။

Ref: Medical school graduates ready to fight COVID-19 on the front lines

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top