ဘာစီလိုနာအသင်းနဲ့ မန်ယူတို့ရဲ့ ဂန္တဝင် ကစားသမားတွေ ကစားမဲ့ပွဲမှာ ပါဝင်လာမယ့် အူစိန်ဘော့

Manchester-United-v-Fulham-Premier-League.jpg

နာမည်ကျော် တာတိုအပြေးသမား အူစိန်ဘော့ (USAIN Bolt) ဟာ မန်ချက်စတာ ယူနိုက်တက်သင်းနဲ့ ဘာစီလိုနာ ဂန္တဝင် ကစားသမားတွေ ကစားမဲ့ ရန်ပုံငွေပွဲမှာ ကစားဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီပွဲမှာ ရိုင်ယန်ဂစ်နဲ့ ပေါလ်စခိုးလ်တို့လည်း ပါဝင်လာမှာ ဖြစ်ပြီး စက်တာဘာလ ၂ ရက်နေ့ အိုးထရက်ဖို့ကွင်းမှာ ကစားသွားမှာဖြစ်ပြီး ဒီပွဲမှ ရရှိမယ့် ဝင်ငွေအကုန်လုံးကို FC Barcelona Foundation ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

အူစိန်ဘော့ဟာ အားကစားပြိုင်ပွဲတွေမှ အနားယူပြီးကတည်းက မန်ယူအသင်း ပရဟိတပွဲစဉ်တွေမှာ ကစားပေးဖို့ စိတ်ထက်သန်နေတာဖြစ်ပြီး အူစိန်ဘော့ဟာ မန်ယူအသင်းရဲ့ အမာခံ ပရိတ်သတ် တစ်ယောက်လည်း ဖြစ်ပါသေးတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ကမ္ဘာချန်ပီယံ ပြိုင်ပွဲမှာ နောက်ဆုံးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ် တံကောက်ကြော ဒဏ်ရာရခဲ့တဲ့အတွက် အသက် ၃၀ အရွယ် အူစိန်ဘော့ဟာ ပြိုင်ပွဲအတွက် ကြံခိုင်မှု မပြည့်ဝမှာ စိုးရိမ်နေပါတယ်။

သတင်းတစ်ရပ်မှာတော့ “မန်ယူပွဲတွေမှာ ဝင်ကစားပေးဖို့ဆိုတာ သူငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ အိပ်မက်တစ်ခုပါ။ အခုလို ဒဏ်ရာရခဲ့တဲ့အတွက် သူ တော်တော်စိုးရိမ်နေပါတယ် ”လို့ဖော်ပြခဲ့ပါတယ်။ ဂျာမေကာ တာတိုပြေးသမားတစ်ဦးဖြစ်တဲ့ အူစိန်ဘော့ဟာ ဂျာမန် ဘောလုံးကလပ်ဖြစ်တဲ့ ဒေါ့မန်နဲ့ လေ့ကျင့်ရေး ဆင်းသွားမှာ ဖြစ်ပြီး “ကျွန်တော်က အမြဲတမ်း ဘောလုံးကစားချင်နေခဲ့တာပါ။ ဘောလုံးအားကစားမှာ ကျွန်တော် ထူးချွန်နိုင်မယ် လို့ကျွန်တော် ထင်ပါတယ်” လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဘာစီလိုနာအသင်းနဲ့ မန်ယူအသင်း ဂန္တဝင်ကစားသမားတွေ ယှဉ်ပြိုင်ကစားမယ့် ပြိုင်ပွဲကိုလည်း အူစိန်ဘော့ အချိန်မှီ ပြန်သက်သာလာမယ်ဆိုရင် ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ ကမ္ဘာအကောင်းဆုံး တာတိုကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့အူစိန်ဘော့ဟာ 4 × 100 မီတာ ပြိုင်ပွဲတွေမှာလည်း ကမ္ဘာစံချိန် တင်ထားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူ ဂန္တဝင်ပွဲမှာ ပါဝင်ကစားဖို့ဆိုရင် ၃ ပတ်အတွင်း ပြန်လည်ကြံခိုင်လာဖို့ လိုအပ်နေပါတယ်။

Ref : Express News : Usain Bolt to play for Manchester United in Legends game against Barcelona

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top